ဒုတိယဝန်ကြီး ဦးသိုက်စိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 01, 2026
image_latest


နေပြည်တော် မတ် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ဆုလာဘ်ကုမ္ပဏီတို့အကျိုးတူပူးပေါင်း၍ ဆင်းရတနာ (၃)မျိုး နှမ်းနက် ၁၈ ဧက စမ်းသပ်စိုက်ပျိုးထားမှုနှင့် လယ်မြေ ၂ ဧကပေါ်တွင် စိုက်ပျိုးထားသော (green shot 35) မျိုး ပန်းဂေါ်ဖီစိမ်း၊ (Royal 900) မျိုး ပန်းဂေါ်ဖီဖြူနှင့် (New 588) မျိုး ဂေါ်ဖီထုတ်စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်မြေ ၂၄ ဧကပေါ်တွင် မျိုးဇမ္ဗူသမဝါယမအသင်း၏ မဟာနွယ်မွေးမြူရေးလုပ်ငန်းစုက ခေတ်မီနည်းပညာသုံး Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် ဥစားကြက်မွေးမြူရေးခြံများ၏ အဆင့်လိုက်ကြက်ခြံတည်ဆောက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လက်ရှိမွေးမြူထားသော ကြက်သားပေါက်များကို သတ်မှတ်စံနှုန်းအတိုင်း နေရာအကျယ်အဝန်းဖြစ်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေး၊ ဆုံးရှုံးမှုမရှိစေရေးနှင့် သန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံ၌ ရုရှားနေကြာမျိုးများဖြစ်သော မာ့ဟ်ဟွန်း (Makhaon)၊ ဗော်လ်ကန် (Vulkan)၊ အစ်ပိုလစ် (Ippolit) များ ရိတ်သိမ်းပြီးစီးမှုအခြေအနေနှင့် အသားတိုးနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ ရုရှားနေကြာမျိုးများအနက် မာ့ဟ်ဟွန်း (Makhaon) ရုရှားနေကြာမျိုးသည် စံပြစမ်းသပ် စိုက်ကွက်အနေဖြင့် တစ်ဧကလျှင် ၆၅ တင်း ထွက်ရှိခဲ့ပြီး ကျန်သုံးဧကသည် ရာသီဥတုမကိုက်ညီခြင်း၊ စိုက်ပျိုးချိန်နောက်ကျခြင်း၊ မြေအမျိုးအစားမတူညီခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ကြောင့် သတ်မှတ်ထားသောအပင်အရေအတွက် ပြည့်မီခြင်းမရှိဘဲ တစ်ဧက လျှင် ၃၃ တင်းသာထွက်ရှိကြောင်း၊ ကျန်စိုက်ပျိုးထားရှိသော Makhaon တစ်ဧက၊ Vulkan နှင့် Ippolit မျိုး ငါးဧကစီကို လာမည့်ဧပြီလအတွင်း ဆွတ်ခူးရိတ်သိမ်းသွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3487 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download