ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း(Offshore Fixed Pilot Station)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြစ်ဝရှိ ကမ်းလွန်ရေကြောင်းပြစခန်း(Offshore Fixed Pilot Station)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား တွေ့ဆုံအားပေး
Ministry of Transport and Communications/ Naypyitaw / January 27, 2025
ရန်ကုန်၊ ဇန်နဝါရီ ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း(Offshore Fixed Pilot Station)သို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ရေကြောင်းပြမှူးကြီးများနှင့် ရေကြောင်းဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက ရေကြောင်းပြစခန်းတွင် တာဝန်ထမ်းဆောင်နေကြသူများအား အမှာစကားပြောကြားရာတွင် ဝန်ထမ်းများကို တွေ့ဆုံအားပေးလိုသည့်အတွက် ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား လာရောက်တွေ့ဆုံ အားပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅% ခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများ ကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေး ပင်လယ်ထဲနှင့် ရေလမ်းကြောင်းတစ်လျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် နိုင်ငံတော်နှင့်ဌာနအတွက် အရေးပါသည့် ကဏ္ဍတွင်ပါဝင်ကြောင်း၊ နိုင်ငံတော်နှင့်ဌာနမှ မိမိဝန်ထမ်းများ ဘေးကင်းလုံခြုံစွာနှင့် တာဝန်ထမ်းဆောင်နိုင်ကြစေရန် အလေးထား ဆောင်ရွက်ပေးထားမှုနှင့် နေထိုင်ရေးအပြင် စားသောက်ရေးအတွက်ပါ ပြည့်စုံအောင် ဆောင်ရွက်ထားရှိပေးပြီးဖြစ်သည့်အတွက် မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော Pilot Station ကြီး ကိုလည်း ရေရှည်ကောင်းမွန်စွာ အသုံးပြုနိုင်ရေး တန်ဖိုးထား ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် နှင့် နိုင်ငံတော်အတွက် ဝင်ငွေများ တိုးတက်ရှာဖွေပေးနိုင်ကြရန် တိုက်တွန်း အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးအား Pilot Station တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များ၊ Pilot Transfer Operation ဆိုင်ရာ လုပ်ငန်းစဉ်များအား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး၊ တင်ပြချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းကာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရေကြောင်းပြစခန်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်အတူ နေ့လယ်စာသုံးဆောင်၍ ရန်ကုန်ဆိပ်ကမ်းသို့ မွန်းလွှဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ရာ ကျန်းမာရေးဆိပ်ခံတံတားသို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိသည်။
ဒုတိယဝန်ကြီးသည် အသွားအပြန် ခရီးစဉ်တစ်လျှောက် ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားများ၊ ရေလမ်းကြောင်းကောင်းမွန်အောင် သတ်မှတ်ရေအနက်ကို ထိန်းထားနိုင်ရန် သောင်တူးဖော်ဆောင်ရွက်လျက်ရှိသည့်နေရာများ၊ ရေလမ်းကြောင်းတစ်လျှောက် ရေလမ်းကြောင်းအချက်ပြ မီးဗော်ယာများ စနစ်တကျ နေရာချထားမှုအခြေအနေများနှင့် ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းနေရာများကို ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3058 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ January 19, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download