ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားဘူတာ၊ ဘူတာယာဒ်ဝင်းနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ (မြစ်ကြီးနား) တို့အား ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 31, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၃၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၉ ရက်က မြစ်ကြီးနားဘူတာနှင့် ဘူတာယာဒ်ဝင်းတို့၏ အခြေအနေ၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများ၊ တွဲပြင်ရုံနှင့် ဒီဇယ်စက်ခေါင်းပြင်ရုံ (မြစ်ကြီးနား) တို့၏ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက ဘူတာ၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာယာဒ်ဝင်းရှိ ဝန်ထမ်းနေအိမ် လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့် အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီးပျက်စီးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်၊ စစ်ဆေးပြုပြင်ရန် အချိန်ကျရောက်သည့် ကုန်တွဲများ၊ လူစီးတွဲများကို ပုံမှန်စစ်ဆေး ပြုပြင်သွားရန်၊ လူစီးတွဲများအတွင်းရှိ ထိုင်ခုံများနှင့် လူစီးတွဲကိုယ်ထည်များ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်ရန်၊ စက်ရုံတွင် ထိန်းသိမ်းထားသည့် စက်ခေါင်းများ၊ တွဲများနှင့် RBE ရထားတွဲများ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးခြင်းများ ပြုလုပ်သွားရန်၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး၊ စက်ရုံရှိစက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစနစ်တကျ စီမံဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထားတိုင်းအဆင့် အရာထမ်းဝန်ထမ်းများ၊ မြန်မာ့မီးရထား ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မိမိတိုင်းနယ်မြေအတွင်း ဘူတာယာဒ်ဝင်းနှင့် ရထားလမ်း တစ်လျှောက်ရှိ မြန်မာ့မီးရထားဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3062 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download