ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်-ရွှေညောင် ရထားလမ်းပိုင်းအခြေအနေ၊ အဆိုပါရထားလမ်းပိုင်း ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်း ဆောင်ရွက်နေသည့် အခြေအနေနှင့် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းရှိ တာဘောင်နေရာ ပြန်လည်ပြုပြင်နေမှု အခြေအနေနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်း အခြေအနေတို့အား ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးအောင်မြိုင် သာစည်-ရွှေညောင် ရထားလမ်းပိုင်းအခြေအနေ၊ အဆိုပါရထားလမ်းပိုင်း ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်း ဆောင်ရွက်နေသည့် အခြေအနေနှင့် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းရှိ တာဘောင်နေရာ ပြန်လည်ပြုပြင်နေမှု အခြေအနေနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်း အခြေအနေတို့အား ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / March 24, 2025
နေပြည်တော် ၊ မတ် ၂၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ မတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည် - ရွှေညောင် ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/ အထွက်နေရာများ၊ အဆိုပါ ရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီ ရှောင်ကွင်းရထားလမ်း တာဘောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းရှိ (Yagi) မုန်တိုင်းကြောင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် တာဘောင်နေရာများ ပြန်လည်ပြုပြင်နေမှု၊ တံတားများ တည်ဆောက်နေမှု အခြေအနေများနှင့် ပင်းပက် - နောင်ကားလမ်းခွဲ ရထားလမ်းပိုင်း အခြေအနေတို့အား စစ်ဆေးသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် သာစည် - ရွှေညောင် ရထားလမ်းပိုင်း၌ ရထားဖြင့် လိုက်ပါ၍ စစ်ဆေးခဲ့ပြီး ရထားလမ်းပိုင်းအတွင်းရှိ ဂျွိုင်းဆက်နေရာများနှင့် Alignment များ ပြန်လည် စစ်ဆေးပြုပြင်သွားရန်၊ တံတားကြီးများတွင် တံတားဇလီဖားများ လဲလှယ် ဆောင်ရွက်သွားရန်၊ လွန်ထိုး ရထားလမ်းနေရာများနှင့် ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ကမ်းပါနီဥမင် အဝင်/ အထွက် နေရာများ စနစ်တကျစစ်ဆေး၍ ပြန်လည်ပြုပြင်သွားရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ အဆိုပါ ရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်းတူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်း ရထားလမ်းတာဘောင်တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျစုဖွဲ့အသုံးပြု၍ စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး ၊ ရေစီးရေလာကောင်းမွန်စေရေးစသည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းရှိ (Yagi) မုန်တိုင်းကြောင့် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်း တာဘောင်မြေကြီးလုပ်ငန်း ၊ ရေထုတ်ပြွန် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၊ Gabion Basket ကျောက်စီ မြေထိန်းနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများအား စစ်ဆေးခဲ့ပြီး တာဘောင်နေရာများအား သတ်မှတ် Compaction ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevationsများ မှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှုအခြေအနေအား စစ်ဆေးခဲ့ပြီး ကျောက်ဖြည့်တင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်အောင် ပြုပြင်ရန် ၊ လိုအပ်သည့်ပစ္စည်းများ လုံလောက်မှုရှိအောင် စီစဉ်ထောက်ပံ့ပေးသွားရန် ၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများကို အလေအလွင့်မဖြစ်အောင် စနစ်တကျပြန်လည်အသုံးပြုသွားရန်နှင့် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper - 3537 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
