ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ စစ်ကိုင်းတံတား(အင်းဝ)၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၊ သစ်သားဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် မန္တလေးဘူတာကြီးတို့အား ကြည့်ရှုစစ်ဆေး


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / May 30, 2025
image_latest


နေပြည်တော်၊ မေ ၂၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ၂၀၂၅ ခုနှစ် ၊ မေလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော် - သာစည် - သဲတော - မန္တလေးရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများ၊ စစ်ကိုင်းတံတား(အင်းဝ)၊ လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)၊ သစ်သားဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် မန္တလေးဘူတာကြီးတို့၏ အခြေအနေတို့အားစစ်ဆေးသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးခဲ့ပြီး တံတားအဝင်/အထွက် နေရာများတွင် ခုန်စောင့်လူး မဖြစ်စေရေး Run Off Frame များ စနစ်တကျတပ်ဆင်သွားရန်၊ ကွေ့ဒီဂရီ ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်၊ သံလမ်းအဆက်နေရာများတွင် သံလမ်းအဆက် ညှိခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် ၊ ရေတိုက်စားခံရသည့် နေရာများတွင် တာပုခုံးများအား သတ်မှတ်အကျယ်ရရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ ရထားလမ်းပိုင်းအတွင်း သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်းပြီး Hand Tamp Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းအား သေချာစွာဆောင်ရွက်ရန်၊ တံတားအသစ်ပြန်လည် တည်ဆောက်မည့် တံတားအမှတ် ၆၇၇ ၊ ၆၉၁ ၊ ၇၃၉ နှင့် ၇၇၁ တို့အတွက် Soil Test စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘူတာရုံးခန်းနေရာများတွင် မော်ဂျူလာရုံးခန်းများ အမြန်ဆုံး အစားထိုးတည်ဆောက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြင်းထန်သော မြေငလျင်ဒဏ်ကြောင့် သံဘောင်ဂုံးများပြုတ်ကျခဲ့သည့် စစ်ကိုင်းတံတား (အင်းဝ) သို့ သွားရောက်၍ တံတားဂုံးအမှတ်(၄) ဖျက်သိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့၊ ၇၇ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ငလျင်ဒဏ်သင့်ခဲ့သည့် မြန်မာ့မီးရထားပိုင် ၆ ထပ် အဆောက်အဦ၏ ထိခိုက်ပျက်စီးမှုများအား သွားရောက်စစ်ဆေးခဲ့ပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသဖြင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည် တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် SOP အတိုင်း စနစ်တကျ ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)၊ သစ်သားဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)နှင့် မန္တလေးဘူတာကြီးတို့အား သွားရောက်စစ်ဆေးခဲ့ပြီး  လူစီးတွဲနှင့် ကုန်တွဲများ အချိန်မီပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန်၊ ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သစ်သားဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)ရှိ အဆောက်အဦများအား အမြန်ဆုံးအသစ်ပြန်လည် တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဇလီဖားပေါင်း စက်ရုံအနေဖြင့် လိုအပ်သည့် သစ်သားဇလီဖားတုံးများ အချိန်မီပေါင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ မန္တလေးဘူတာကြီးရှိ ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသော  အဆောက်အဦများအား ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျစစ်ဆေးပြီး  အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင်လည်း ရေ/မီးပိုင်းဆိုင်ရာများကို စနစ်တကျ ဆောင်ရွက်ပေးသွားရန်နှင့် ရထားထိန်းချုပ်ရေး တာဝါအဆောက်အဦနေရာအား အမြန်ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။         

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

သတင်းစာများ - ၃၃၇၈ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download