ဒုတိယဝန်ကြီး ဦးအေးထွန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / June 25, 2025
image_latest


ရန်ကုန် ဇွန် ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌပဲခူးမြို့နယ် မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တနန္တဝံသ (အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ဒုတိယဝန်ကြီးက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းစာသင်ခန်းများအလိုက် ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးသည်။

ဖူးမြော်ကြည်ညို

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးအလယ်တန်းကျောင်းသို့သွားရောက်၍ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တတေဇနိယအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထားသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ မူလတန်းကျောင်း ၅ဝ၇ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၂၄၇၂၃၆ ဦး၊ မူလတန်းလွန်ကျောင်း ၄၈၄ ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၃၈၀၇၂ ဦး၊ အလယ် တန်းကျောင်း ၁၉ ကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၆၉၁၅ ဦး၊ တွဲဖက်အထက်တန်းကျောင်းနှစ်ကျောင်းတွင် ကျောင်းသား ကျောင်းသူ ၃၄၈၅ ဦးတို့ ပညာသင်ကြားလျက်ရှိကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်တည်တံ့နိုင် ရေးအတွက်လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ ဆရာမများအား နိုင်ငံတော်အစိုးရက လိုအပ်သလို ထောက်ပံ့ပေးနေမှုများရှိပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် ကျောင်းသားစာရင်းများမှန်ကန်ရေးနှင့် ကျောင်းပြောင်းလက်မှတ်(TC) ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ မူလရည်ရွယ်ချက်ဖြစ်သော ကလေးသူငယ်များအား ယဉ်ကျေးသိမ်မွေ့စွာ ပညာသင်ကြားရေးနှင့် စာရိတ္တ မဏ္ဍိုင် တည့်မတ်မှန်ကန်စေရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသည်ကို ဝမ်းမြောက်မိပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာများကို သင်ကြားပေးသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍသည် နိုင်ငံတော်၏ ပညာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း လျှောက်ထားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3513 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download