ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ၂၀၂၅ ခုနှစ် တောင်နှင့် တောင်အာရှနိုင်ငံများ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးကွန်ဖရင့်၊ နိုင်ငံတကာချိတ်ဆက်မှုများနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်းအခမ်းအနားတက်ရောက်


Ministry of Information/ Naypyitaw / August 29, 2025
image_latest


နေပြည်တော် ဩဂုတ် ၂၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင်ကျင်းပသည့် ၂၀၂၅ ခုနှစ် တောင်နှင့် တောင်အာရှနိုင်ငံများ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်ရေးကွန်ဖရင့်၊ နိုင်ငံတကာ ချိတ်ဆက်မှုများနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်ခြင်းအခမ်းအနား (2025 South and Southeast Asia Digital Cooperation Conference and Supply and Demand Matchmaking Event for the Industry and Trade) သို့ တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက ယခုမျက်မှောက်ခေတ်တွင် နည်းပညာ၏ အကျိုးပြုမှုများကြောင့် လူသားများသည် မည်သည့်နေရာတွင်မဆို တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ ကမ္ဘာ့အတိုင်းအတာဖြင့် ဆက်သွယ်မှုတိုးတက်လာခြင်းကြောင့် ပိုမိုကောင်းမွန်သော ဒစ်ဂျစ်တယ်အနာဂတ်ကို ဖော်ဆောင်နိုင်ကြောင်း၊ ဒစ်ဂျစ်တယ်ကူးပြောင်းလာမှုသည် အစဉ်အဆက်ကူးပြောင်းနေမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူပြည်သားများအားလုံး နေရာကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုသည် နည်းပညာတိုးတက်ရေးအတွက်သာမက အခွင့်အလမ်းများ၊ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှုတန်ဖိုးများနှင့် မျှတသော အခွင့်အလမ်းများရရှိနိုင်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများနှင့်အညီ တတ်စွမ်းနိုင်သမျှ ဒစ်ဂျစ်တယ်လိုအပ်ချက်များအား ဖြည့်ဆည်းနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာစေရန်အတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် အာရှပစိဖိတ်ဒေသဆက်သွယ်ရေးအဖွဲ့ (APT) တို့၏ ပံ့ပိုးကူညီမှုဖြင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများမှ ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ မြို့ပြဒစ်ဂျစ်တယ်လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းများမှ ကိုယ်စားလှယ်များက ဒေသတွင်း ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များ၊ ဈေးကွက်များနှင့် တိုးတက်မှုအချက်အလက်များကို ဆွေးနွေးကြမည်ဖြစ်သည်။

ယခုကျင်းပသည့် အခမ်းအနားသို့ နိုင်ငံပေါင်း ၁၂ နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download