ဒုတိယဝန်ကြီး ဦးအေးထွန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / November 15, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာရှိ ငလျင်ဒဏ်သင့် သမိုင်းဝင်လောကထိပ်ပန်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် စပ်လျဉ်းသည့် မူဝါဒများအား တင်ပြလျှောက်ထားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း ၂၀၀ ကို စေတီတော်ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မြို့မအရှေ့ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ရွှေစောလူးစေတီတော်၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ပေါ်ရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ငလျင်ဒဏ်သင့် ရွှေသာလျောင်းစေတီတော်၊ အမရပူရမြို့နယ်ရှိ စစ်ကိုင်းမင်း တည်ထားကိုးကွယ်တော်မူခဲ့သော မဟာဝိဇယရံသီပုထိုးတော်ကြီးမြတ်စွာဘုရား၊ ရှေးဟောင်း သမိုင်းဝင်သံသေကပ်ကျော် ဆုတောင်းပြည့်မြတ်စွာဘုရားများအား ဖူးမြော်ကြည်ညို၍ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် အလှူတော်ငွေများကို စေတီတော်ဂေါပကအဖွဲ့များထံ ပေးအပ်လှူဒါန်း၍ ပြန်လည်ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုကာလိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှိ မဟာပုရိသကျောက်ဂူတောရရိပ်သာ ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တကုဏ္ဍလအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ရှိ ရဟန်းသာမဏေများအား နေ့ဆွမ်းလောင်းလှူသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နောင်ချိုမြို့ရှိ သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည့် အမျိုးသားနေ့စာစီစာကုံးပြိုင်ပွဲ၌ ဖြေဆိုနေကြသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများအား ကြည့်ရှုအားပေးကာ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ၃ ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး တောင်ကြီးမြို့ဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူ သဖန်းကိုင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ မောင်တိုးပွားအောင်အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး သဖန်းကိုင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာ ဆရာမများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3465 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download