ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - သာစည် - သဲတော - မန္တလေး ရထားလမ်းပိုင်း၊ ပြင်ဦးလွင် - ဂုတ်ထိပ်ရထားလမ်းပိုင်းနှင့် ဂုတ်ထိပ်တံတား၊ စစ်ကိုင်းတံတား(အင်းဝ) ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 12, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတွဲပြင် အလုပ်ရုံ၊ ဇလီဖားပေါင်းစက်ရုံ (မြို့ဟောင်း)၊ စစ်ကိုင်းတံတား(အင်းဝ) တံတားခုံးများ ဖျက်သိမ်းနေမှုနှင့် တံတားနှစ်ဘက်ချဉ်းကပ် ရထားလမ်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားအသစ် ပြန်လည်တည်ဆောက်ရာတွင် ချဉ်းကပ်လမ်းနေရာများ စနစ်တကျ ရွေးချယ်သတ်မှတ်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပြင်ဦးလွင်ဘူတာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာအတွင်း စနစ်တကျ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ဆောင်ရွက်ရန်၊ ဘူတာရှေ့ပန်းခြံ သပ်ရပ်လှပအောင် ဆောင်ရွက်သွားရန် မှာကြားကာတာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထို့နောက် ပြင်ဦးလွင်ဘူတာမှ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအတွင်း လမ်းခင်းကျောက် ဖြည့်တင်းခြင်းလုပ်ငန်း၊ လမ်းမြှောက်ပက်ကင်ရိုက်ခြင်းလုပ်ငန်းနှင့် ဂုတ်ထိပ်တံတားကြံ့ခိုင်မှု၊ ဂုတ်ထိပ်တံတားဆေးသုတ်ခြင်းလုပ်ငန်း၊ တံတားတိုင်အောက်ခြေခြံစည်းရိုးကာရံ ခြင်းလုပ်ငန်းနှင့် လားရှိုးဘက်ခြမ်းရှိ ရှုခင်းကြည့်နေရာ တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြင်ဦးလွင် ဘူတာနယ်မြေအတွင်း ဘောလုံးကွင်း တည်ဆောက်လျက်ရှိသည့် မြေနေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ရော်ဘာပြေး လမ်းအပါ ဘောလုံးကွင်း၊ ပွဲကြည့်စင်နှင့် မိုးလုံလေလုံ အားကစားရုံတည်ဆောက်မည့်အခြေအနေကို ရှင်းလင်းတင်ပြကြပြီး မြေဖို့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြင်ဦးလွင် ဒီဇယ်စက်ခေါင်းစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ဘူတာကြီးမှ RBE ရထားဖြင့် လိုက်ပါစီးနင်း၍ နေပြည်တော်- သာစည်-သဲတော-မန္တလေး ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေကို စစ်ဆေးပြီး တပ်ကုန်း-မကျည်းပင် ဘူတာကြား သတ်မှတ်စံချိန်စံနှုန်းအတိုင်း လမ်းခင်းကျောက်များ စနစ်တကျဖြည့်သွင်း၍ Hand Tamp Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ရှမ်းရွာဘူတာတည်ဆောက်နေမှုနှင့် ညောင်ရမ်း-နွားထိုးဘူတာကြားရှိ တံတားအမှတ်(၅၈၅) ကြံ့ခိုင်မှု အခြေအနေကို RBE ရထားဖြင့် ဖြတ်သန်း ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် သာစည်ဘူတာသို့ ရောက်ရှိပြီး တိုင်းအရာရှိများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ စမုံဘူတာနှင့် သပြေတောင်းဘူတာအကြားရှိ ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် တံတားအမှတ် (၆၉၁) အသစ် ပြန်လည်တည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအမီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာအကြားရှိ တံတားအမှတ်(၇၃၉) တည်ဆောက်နေမှုနှင့် ကျောက်ဆည်ဘူတာ အသစ်ပြန်လည်တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download