ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး သောင်းကျန်းသူကိုအမြစ်မကျန်တိုက်ဖျက်
ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေး သောင်းကျန်းသူကိုအမြစ်မကျန်တိုက်ဖျက်
Ministry of Information/ Naypyitaw / August 31, 2025
တပ်မတော်သည် မူလတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သမိုင်းအစဉ်အလာမပြတ် ကြိုးပမ်းထမ်းရွက်လျက်ရှိသလို နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝလုံခြုံရေးကိုလည်း သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တန်ပြန်ထိုးစစ်နှင့်အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဖြင့် TNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်။
တပ်မတော်၏ အရှိန်အဟုန်ဖြင့်တိုက်ခိုက်ခဲ့သော တန်ပြန်ထိုးစစ်ကြောင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးကြသော အကြမ်းဖက်သောင်းကျန်းသူများသည် တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင်တည်ရှိသည့် တံတားအမှတ်(၉/၈၄) သံကူကွန်ကရစ် တံတားကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဂုတ်တွင်းတံတား(အသစ်)နှင့်(အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော်ရှေးဟောင်းဂုတ်ထိပ်တံတားကြီး၏ ကျောက်မဲမြို့ဘက်ခြမ်းရှိ တံတားသံပေါင်နှင့် ကမ်းကပ်ခုံတို့ကိုလည်းကောင်း ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများသည် နောင်ချို-ကျောက်မဲလမ်းတစ်လျှောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများကိုပိတ်ဆို့ထားခဲ့သည်။ တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့ကို အပြီးတိုင်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာခံစစ်စခန်းတည်ဆောက်ထားသည့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်း တံတားနေရာတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီးများကို အကာအကွယ်ယူ၍ မြေအနေအထားအသာစီးရယူထားသော အကြမ်းဖက်သောင်းကျန်းသူများအား ရန်သူမျှော်လင့်ထားခြင်းမရှိသည့် လမ်းကြောင်းမှ ရန်သူ၏နောက်ကျော နောင်ပိန်ကျေးရွာကို ဦးစွာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး နောင်ပိန်ကျေးရွာမှတစ်ဆင့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်ဒေသတစ်ဝိုက်အား အဆင့်ဆင့်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများ အဖျက်လုပ်ရပ်များလုပ်ဆောင်ခဲ့သည့် လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများနှင့် လမ်းတံတားများကို တပ်မတော်စစ်ကြောင်းများက လူအင်အားနှင့် စက်ယန္တရားများအသုံးပြုပြီး ဖယ်ရှားရှင်းလင်းခြင်း၊ ဂုတ်တွင်းတံတားကို အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များက ယာယီသံပေါင်ဘေလီ တံတားထိုးခြင်းလုပ်ငန်းများဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ ဂုတ်ထိပ်မီးရထားလမ်းတံတားပျက်စီးမှုအတွက် ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ရဦးမည်ဖြစ်သည်။ အများပြည်သူသွားလာမှုလွယ်ကူစေရန် ဆောင်ရွက်နေသလို တစ်ဖက်တွင် တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းချိန်ကာလမှ ယနေ့ထက်တိုင်အောင် ပြည်တွင်း၊ ပြည်ပအန္တရာယ်ဟူသမျှကို စွန့််လွှတ်စွန့်စား အသက်ကိုပဓာနမထားဘဲ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေပြီး တိုင်းရင်းသားပြည်သူများအားလုံးကို ကာကွယ်စောင့်ရှောက် အလုပ်အကျွေးပြုလျက်ရှိသည်။ တပ်မတော်၏ ထူးခြားသော အစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် ဒီမိုကရေစီကိုလည်းကောင်း၊ နိုင်ငံရေးအပြောင်းအလဲကိုလည်းကောင်း အကြောင်းပြု၍ပေါ်ပေါက်လာသော လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအမျိုးမျိုးတို့သည် တိုင်းပြည်ပျက်စီးအောင်၊ တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲအမျိုးမျိုးရောက်အောင် ဖျက်ဆီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူကို ထာဝစဉ်ကာကွယ်စောင့်ရှောက် လျက်ရှိပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန်ဆင်ကာ တိုင်းပြည်ကိုဖျက်ဆီးနေကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား အောင်မြင်စွာတိုက်ခိုက်ချေမှုန်းပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဦးဆွေးဆံမြည့်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။
Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။
