နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်အတွက် ရွေးကောက်ပွဲသည် အခြေခံ
နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်အတွက် ရွေးကောက်ပွဲသည် အခြေခံ
Ministry of Information/ Naypyitaw / November 17, 2025
လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်ရက်မှာ ယနေ့မှစ၍ ရေတွက်လျှင် ရက်ပေါင်း ၄၀ ကျော်မျှသာ ကျန်ရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲကို လုံခြုံရေးအရ အပိုင်းသုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ရာ တစ်ပိုင်းနှင့်တစ်ပိုင်း ရက်သတ္တနှစ်ပတ်ခြား၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးဆုံးသွားမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းပြီးချိန်မှစ၍ ယခုအချိန်ထိ အစိုးရအဆက်ဆက်တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်းသာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ ဒီမိုကရေစီအခွင့်အရေးများကို ပြည်သူများ ပြန်လည်ခံစားရရှိနိုင်ရေးအတွက် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေဖြတ်သန်းကြရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အကြမ်းဖက်အဖျက်အမှောင့် အနှောင့်အယှက်များကြောင့် ရွေးကောက်ပွဲကို အပိုင်းပိုင်းခွဲ၍ ကျင်းပရစေကာမူ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ မဲမသမာမှုများ ကင်းရှင်းရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရေးတို့အတွက် အလေးဂရုပြုပြင်ဆင်ကျင်းပသွားရန် ဆောင်ရွက်နေခြင်းဖြစ်ရာ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲကို ဆန့်ကျင်နေကြသူများမှာ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် မိမိတို့နိုင်ငံ၏ အခင်းအကျင်းသစ်တွင် ဘေးသို့ရောက်ကြရမည့်သူများ၊ ရပ်တည်ရန်ခက်ခဲကြမည့် သူများ၊ ကိုယ်ကျိုးစီးပွားရှာဖွေခွင့် ပျောက်ကွယ်သွားကြမည့်သူများနှင့် အသိဉာဏ်နည်းပါးသည့် အစွဲအလမ်းကြီးသူများသာဖြစ်သည်။ ၎င်းတို့မှာ ဒီမိုကရေစီကိုလိုလားကြောင်း၊ ဒီမိုကရေစီကိုမြတ်နိုးကြောင်း စသည်ဖြင့် ပြောကြားနေကြစေကာမူ ၎င်းတို့၏ တွေးပုံခေါ်ပုံနှင့် လုပ်ရပ်များမှာ ပါတီတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်းမှလွဲလျှင် ကွဲပြားခြားနားမှုကို လက်မခံ၊ မိမိတို့နှင့်မတူပါက ရန်သူအဖြစ် ဆက်ဆံသတ်မှတ်သည့်အပြင် ကွန်မြူနစ်တို့၏ အတွေးအခေါ်၊ ကွန်မြူနစ်လမ်းစဉ်နှင့် ကွန်မြူနစ်လုပ်ရပ်များကိုပင် ရောထွေးလက်ခံကျင့်သုံးနေကြသည်ကို တွေ့ရှိနိုင်သည်။
ဒီမိုကရေစီကို အမှန်တကယ်လိုလားသည့် ပြည်သူများအနေဖြင့် မိမိတို့ကိုယ်စား၊ မိမိတို့ကလွှဲအပ်သည့် အချုပ်အခြာအာဏာကို ကျင့်သုံးပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ထမ်းရွက်ဖော်ဆောင်မည့် သူများမှာ ဉာဏ်ပညာအရည်အချင်း ပြည့်စုံသူ၊ မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိသူ၊ ပြည်သူကိုအလေးထား၍ ပြည်သူ့အကျိုးစီးပွားကို အဓိကဖော်ဆောင်သူ၊ ပြည်သူကိုစည်းရုံး၍ မှန်ကန်စွာ ဦးဆောင်နိုင်စွမ်းရှိသူ၊ လူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာနှင့် လူမှုစီးပွားဘဝများကို အလေးဂရုပြုသူ စသည့် ကိုယ်ရည်ကိုယ်သွေးများကို ပိုင်ဆိုင်ထားသူများ ဟုတ်မဟုတ် စိစစ်လေ့လာရွေးချယ်ကြရန်သာလိုပြီး မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ဟူ၍ မျက်စိမှိတ်ပုံအပ် လိုက်ခြင်းက ဆင်ခြင်မှုနည်းပါးရာကျမည်ဖြစ်သည်။
“မိမိတို့ကျင်းပသည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးရန်လိုကြောင်း၊ ... မိမိတို့နိုင်ငံ၏ နည်းလမ်းတကျဖြစ်သည့် နိုင်ငံရေးစနစ်ဖြစ်စေရေး ရွေးကောက်ပွဲသည် အခြေခံဖြစ်သဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် နိုဝင်ဘာ ၁၅ ရက်ကတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးနှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် အလေးထားဆောင်ရွက်ထားသည့်အပြင် မဲမသမာမှုကင်းရှင်းရေးအတွက်လည်း မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် မဲပေးကြရမည်ဖြစ်သည့်အလျောက် မဖြစ်မနေဖြတ်သန်းကြရမည့် ရွေးကောက်ပွဲကြီးအောင်မြင်ရေး၊ မဲပေးရန် အရည်အချင်းပြည့်စုံသူအားလုံးမဲပေးကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3352 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
