နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်
Ministry of Information/ Naypyitaw / June 10, 2026
နေပြည်တော် ဇွန် ၁၀
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင်လည်း နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကလေး-တမူးလမ်းကြောင်းသည် မြန်မာနိုင်ငံအနောက်မြောက်ဘက်ဒေသကို အိန္ဒိယနိုင်ငံနှင့် ချိတ်ဆက်ပေးသည့် အရေးပါသောကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး ဒေသတွင်းသယ်ယူပို့ဆောင်ရေးသာမက နယ်စပ်ကုန်သွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာချိတ်ဆက်မှုတို့အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ အဆိုပါ လမ်းကြောင်းမှတစ်ဆင့် လူသုံးကုန်၊ စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများစီးဆင်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ နေ့စဉ်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရုံသာမက လမ်းကြောင်း၏ တည်ရှိမှုသည် ခရီးသွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း အကျိုးပြုသည့် လမ်းကြောင်းဖြစ်သည်။
ထိုသို့ ဒေသအဆင့်သာမက နိုင်ငံအဆင့်စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အရေးပါသည့် ကလေး-တမူးလမ်းကြောင်းအား PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ်မှစတင်၍ ယာယီစိုးမိုးပိတ်ဆို့၍ အဆိုပါလမ်းကြောင်းတစ်လျှောက် သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြရာ ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်တို့မှာ ကူးသန်းသွားလာခြင်း မပြုလုပ်ရဲတော့သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးများ နှောင့်နှေး၍ နယ်စပ်ကုန်သွယ်ရေးလျော့ကျလာပြီး ဒေသတွင်းစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ပြင် ခရီးသွားလာမှုကန့်သတ်လာခြင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် အဆိုပါဒေသအတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်မှု၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍတွင် အဟန့်အတားများဖြစ်ပေါ်မှုနှင့် စီးပွားရေးကျဆင်းလာမှုတို့ကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် အဆိုပါ ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်မှ စတင်၍ တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့ဘက်မှလည်းကောင်း၊ တမူးမြို့ဘက်မှလည်းကောင်း စစ်ကြောင်းများခွဲကာ ဟန်ချက်ညီညီချီတက်၍ နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ တမူးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာအနီး တစ်ဝိုက်သို့လည်းကောင်း၊ ကလေးမြို့ဘက်မှ နယ်မြေရှင်းလင်း၍ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ၅ မိုင်ကျေးရွာအနီးတစ်ဝိုက်သို့လည်းကောင်း ရောက်ရှိနေပြီဖြစ်ပြီး ကလေး-တမူးလမ်းကြောင်းအား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မကြာမီတွင် ကလေး-တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ဖောက်ခွဲဖျက်ဆီးထားသည့် နန်းမွတ်တား တံတားနှင့် ၅၅ မိုင်တံတားများ အပါအဝင် ပျက်စီးနေသည့်လမ်းတံတားများကို တွေ့ရှိရပြီး လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း၌လည်း နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား အကာအကွယ်ပြုလုပ်၍ ခံစစ်ကျင်းများတူးကာ သဲအိတ်များဖြင့် ဘန်ကာများပြုလုပ်ပြီး စစ်စခန်းများအဖြစ် ခံစစ်ပြင်ဆင် အခြေချနေထိုင်ထားခြင်းများကို တွေ့ရှိရကြောင်း သိရှိရသည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ချွတ်ခြုံကျစေသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terriosm Operation) ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ခဲ့သည့်မိုင်းများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ဖျက်ဆီးခဲ့သည့်လမ်းတံတားများအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3553 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇွန် ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
