နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်ပညာသင်စရိတ် ထောက်ပံ့ခြင်းနှင့်အခြေခံပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် ထောက်ပံ့ပေးအပ်ပွဲကျင်းပ


Ministry of Information/ Naypyitaw / June 08, 2025
image_latest


နေပြည်တော် ဇွန် ၇

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်နှင့်အခြေခံပညာမူလတန်းမှ အထက်တန်းအဆင့်ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများ ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် ယင်းတို့၏ဇနီးများ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူများ၏ မိဘဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာမူလတန်းအဆင့်မှ အထက်တန်း အဆင့်ကျောင်းများသို့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းဖြင့် ၎င်းတို့ပညာသင်ကြားရာ၌ တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်း ဖြစ်စေရေးအတွက် နှစ်စဉ်အလေးထားကာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ အနာဂတ်တောက်ပနိုင်စေရေးအတွက် အသိပညာများ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူး ကြိုးစားသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံ စာပေများကို ဖတ်ရှုလေ့လာပြီး ပညာနှင့်အတွေးအခေါ်ကောင်း များပေါင်းစပ်၍ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိတို့သားသမီးများအား ကောင်းမွန်တည့်မတ်မှန်ကန်သည့် စိတ်ဓာတ်များဖြင့် အကျင့်စာရိတ္တကောင်းမွန်မြင့်မားသော ပညာတတ်များ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့်ဇနီးတို့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာမူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၅၀၄ ဦးတို့အတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များပေးအပ်ကာ ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3378 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download