နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ တွေ့ဆုံခြင်း အခမ်းအနားကျင်းပ


Ministry of Ethnic Affairs/ နေပြည်တော် / September 15, 2025


နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးသည် အဓိက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်တွင် နိုင်ငံတစ်နိုင်ငံသည် ဥပဓိရုပ်ပြည့်စုံစေရန်မှာ ပိုင်နက်နယ်မြေ၊ နိုင်ငံသားပြည်သူလူထု၊ အုပ်ချုပ်သူအစိုးရ၊ အချုပ်အခြာအာဏာပိုင်စိုးမှု ဟူသော အင်္ဂါလေးရပ်ရှိရမည် ဖြစ်ပါကြောင်း၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးစုစည်းပြီး မိသားစုစိတ်ဓာတ်ဖြင့် ပေါင်းစည်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများကို အခြေခံ၍ အရည်အသွေးပြည့်မီသော ပို့ကုန်များကို ဦးစားပေး ထုတ်လုပ်ကြ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ့ စီးပွားရေးကဏ္ဍတွင် စိုက်ပျိုးရေးထုတ်ကုန်ကို အခြေခံသည့် ပို့ကုန်များကို Value Added ပြုလုပ်၍ ဦးစားပေး ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများကို လေးစား လိုက်နာပြီး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သလို ဥပဒေဆိုင်ရာ ကိစ္စများကို အသိပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အသင်းအဖွဲ့များ အနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ မိမိတို့၏ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များကို ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ၎င်းတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြကြရာ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က တင်ပြချက် များအပေါ်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးပါသည်။

ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ချီးမြှင့် ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper - 3286 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download