နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း အသင်းသားစုံညီတွေ့ဆုံပွဲ ကျင်းပ


Ministry of Information/ Naypyitaw / February 02, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁

နဝမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းသားစုံညီတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအေးမြင့်ကြူ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းနာယက မြန်မာ့ရေကူးလက်ရွေးစင်ဟောင်း ဒေါက်တာနန္ဒကျော်စွာ၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီး၊ မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော်သီချင်းနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအဖွဲ့က ပွဲတိုင်းကျော်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ကွယ်လွန်သွားကြသည့် မြန်မာ့လက်ရွေးစင်ဟောင်းများကို လွမ်းဆွတ်ခြင်းအထိမ်းအမှတ်အနေဖြင့် ၁ မိနစ် ငြိမ်သက်၍ ဂါရဝပြုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အားကစားလောက တိုးတက်အောင်မြင်စေရေး၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ ချစ်ခင်ညီညွတ်စွာစုစည်း၍ အချင်းချင်း လူမှုရေးလိုအပ်ချက်များ၊ အခက်အခဲများကို ကူညီစောင့်ရှောက်ပေးနိုင်စေရေး၊ နိုင်ငံတော်၏ အားကစားဆိုင်ရာကိစ္စရပ်များတွင် တတ်နိုင်သည့်အခန်းကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်စေရေးတို့အတွက် ရည်ရွယ်ပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းကို ဖွဲ့စည်းရခြင်းဖြစ်ပါကြောင်း၊ လက်ရွေးစင်အားကစားသမားဟောင်းအင်အား ၄၄၄ ဦးခန့်သည် အသင်းနှင့် ဆက်သွယ်ပြီး အားကစားကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် အသင်းသားများနှင့် စုံညီတွေ့ဆုံပွဲအခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက လှူဒါန်းငွေအပြင် အားကစားဝတ်စုံ Sport Shirt နှင့် အနွေးဝတ်စုံ Track Suit များကိုလည်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှုများကို ယခုထက်ပိုမိုဆောင်ရွက်ပေးနိုင်ပါရန်နှင့် အကြံပြုချက်များ၊ ဆွေးနွေးချက်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ပေးပို့ပေးသွားပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအေးမြင့်ကြူနှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌ မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း ဦးအေးမောင်ကြီးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီက လှူဒါန်းသည့် ငွေကျပ်သိန်း ၃၀၀၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ငွေကျပ် သိန်း ၂၀၀၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသည့် ငွေကျပ် ၁၀ သိန်း၊ အားကစားဝတ်စုံ Sport Shirt အထည် ၂၅၀ နှင့် အနွေးဝတ်စုံ Track Suit ၂၅ စုံ၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအေးမြင့်ကြူက လှူဒါန်းသည့် ငွေကျပ် နှစ်သိန်းနှင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင်ဟောင်းများ၊ လက်ရွေးစင် အားကစားသမားများ၊ MNL ဘောလုံးအသင်းများမှ လှူဒါန်းသည့် အလှူငွေ စုစုပေါင်း ငွေကျပ် ၉၀၉ သိန်းကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဥက္ကဋ္ဌနှင့် မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းနာယကတို့က လက်ခံပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3429 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download