နိုင်ငံခြားတူရိယာတွေ ခေတ်စားနေတဲ့ခေတ်ကာလမှာ အခုပြိုင်ပွဲမှာ ညီငယ်ညီမငယ်လေးတွေ ယှဉ်ပြိုင်နေတာ တွေ့ရမြင်ရတဲ့အတွက် ဂုဏ်ယူပီတိဖြစ်မိပါတယ်


Ministry of Information/ Naypyitaw / October 12, 2025
image_latest


မောင်ဖိုးချစ်

 

မောင်နေဇင်လင်း

ရှမ်းပြည်နယ်ကိုယ်စားပြု

ဂီတာပြိုင်ပွဲ

အခြေခံပညာအဆင့်(၁၅-၂၀)

“စံပယ်(ကာလပေါ်)” သီချင်းနဲ့ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ သီချင်းသံစဉ်ကလည်း တီးလို့အလွန်ကောင်းတဲ့ သီချင်းဖြစ်တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင် နိုင်ခဲ့ပါတယ်၊၊ ပြိုင်ပွဲမယှဉ်ပြိုင်ခင်က သီချင်းသုံးပုဒ်နဲ့ ကြိုတင်လေ့ကျင့်ခဲ့ပါတယ်၊၊ ကျွန်တော့ ဆရာ ဆရာအောင်နိုင်စိုး ဂီတာတီးခတ်တာတွေကို တွေ့မြင်မိပြီး ဂီတာပညာရပ်တွေကို နှစ်သက်မြတ်နိုးပြီး လေ့လာသင်ယူခဲ့တာပါ၊၊ ဒီနှစ်မှ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်၊၊ ခေတ်ပေါ်ဂီတာထက် မြန်မာဂီတာပညာရပ်ကို ပိုမိုနှစ်သက်မြတ်နိုးတယ်၊၊ ခေတ်ပေါ်ဂီတာက လက်ကွက်နဲ့တီးခတ် ရတာဖြစ်ပြီး မြန်မာဂီတာကျတော့ ဘိလေးနဲ့ တီးခတ်ရတာဖြစ်တဲ့အတွက် ပိုပြီးနှစ်သက်မြတ်နိုးမိပါတယ်၊၊

မောင်ခန့်ညားလွင်

ကယားပြည်နယ်ကိုယ်စားပြု

ဂီတာပြိုင်ပွဲ

မြန်မာဂီတာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာပါ၊၊ ကျောင်းတက်ရောက်နေတဲ့ အချိန်ဖြစ်တာမို့ စာမေးပွဲကလည်း တစ်ဖက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကိုလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားလေ့ကျင့်ရတာတွေနဲ့ အခက်အခဲများစွာရှိတဲ့ကြားထဲမှ အစွမ်းကုန်ကြိုးစားပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်၊၊ မြန်မာ့ဂီတာကို ဒီနှစ်မှ စတင် ထိတွေ့ခဲ့တာဆိုပေမယ့် သီဆိုရတာ၊ တီးခတ်ရတာ ပျော်ရွှင်ဖို့ကောင်းပြီး အနုပညာဆန်တဲ့ ပညာရပ်လည်းဖြစ်ပါ တယ်၊၊ မြန်မာဂီတာပညာရပ်ဟာ နားထောင်လို့၊ နားဆင်လို့ကောင်းမယ်၊ မိမိစိတ်ထဲကို ငြိမ်းချမ်းမယ်၊ အေးချမ်းသွားစေမယ့် ပညာရပ်တစ်ခုဖြစ်ပါတယ်၊၊ ဒီပြိုင်ပွဲကြီးကို စဉ်ဆက်မပြတ် နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်ပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်၊၊

မောင်ပြည့်ဘုဏ်းသျှန်

ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု

စန္ဒရားအတီးအပြိုင်ပွဲ(၁၅-၂၀)

တိုင်းဒေသကြီးအဆင့်မှာကတည်းက အစွမ်းကုန်ကြိုးစားလေ့ကျင့်ခဲ့တဲ့အတွက် အခက်အခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်၊၊ ကျွန်တော့်အသက်ကိုးနှစ်အရွယ်က စတင်လေ့လာသင်ယူခဲ့ပါတယ်၊၊ ဖြေလျော့ခွေ(ပတ်ပျိုး)၊ ချောကလျာ (ကာလပေါ်)၊ အင်ကြင်းသရဖီ (ယိုးဒယား) သီချင်းသုံးပုဒ်နဲ့ ကြိုတင်ပြင်ဆင်လေ့ကျင့်ခဲ့ရပြီး လေ့ကျင့်ချိန်မှာ ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ ချောကလျာ (ကာလပေါ်)သီချင်းနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ကျေနပ်ပျော်ရွှင်မိပါတယ်၊၊ ကျွန်တော့ ရည်မှန်းချက်ကတော့ နိုင်ငံကျော် စန္ဒရားပညာရှင်ကြီးတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါတယ်၊၊ နောင်မျိုးဆက်သစ်လူငယ်တွေကို စန္ဒရားပညာရပ်ကို လေ့လာသင်ယူကြပြီး လာရောက်ယှဉ်ပြိုင်ကြပါလို့ ပြောကြားချင်ပါတယ်၊၊ နိုင်ငံတော်တာဝန်ရှိသူတွေအားလုံးကိုလည်း ဒီလိုပြိုင်ပွဲကြီး ကျင်းပ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊၊

မောင်ဖိုးချစ်

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု

စန္ဒရားအတီးပြိုင်ပွဲ (၁၅-၂၀)

(၂၃)ကြိမ်မြောက် ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ပြီး (၂၄)ကြိမ် မြောက်ဆိုင်း၊ စန္ဒရားအတီးပြိုင်ပွဲမှာတော့ ကြေးတံဆိပ်ဆုတွေရရှိခဲ့ပါတယ်၊၊ (၂၅)ကြိမ် မြောက်မှာတော့ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး၊၊ အခုပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့မဲကျတဲ့ “ချောကလျာ(ကာလပေါ်)” သီချင်းက ကျွန်တော့်ဆရာ ဦးဝင်းဖေကိုယ်တိုင် လွန်ခဲ့တဲ့နှစ်ကတည်းက လေ့ကျင့်သင်ကြားပေးထားတဲ့ သီချင်းဖြစ်တဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်၊၊ ဒီပြိုင်ပွဲကြီးမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့်၊ ပြိုင်ပွဲဝင်အချင်းချင်း ပညာနှီးနှောဖလှယ် ခွင့်တွေရတဲ့အတွက်လည်း ပျော်ရွှင်မိပါ တယ်၊၊ နိုင်ငံခြားတူရိယာတွေ ခေတ်စား နေတဲ့ခေတ်ကာလမှာအခုပြိုင်ပွဲမှာ ညီငယ်ညီမငယ်လေးတွေ ယှဉ်ပြိုင်နေတာတွေ့ရမြင်ရတဲ့အတွက် ဂုဏ်ယူပီတိ ဖြစ်မိပါတယ်၊၊

မအိအိငြိမ်း

တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြု

စောင်းအတီးပြိုင်ပွဲ(၁၅-၂၀)အဆင့်

(၂၃)ကြိမ်မြောက်မှာ ဝင်ရောက်ယှဉ်ပြိုင်တာ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး (၂၄)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာမှာတော့ ဆုတံဆိပ်မရရှိခဲ့ပါဘူး၊၊ “လျှပ်ပန်းခွေနွဲ့” သီချင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်၊၊ အခုလိုပြိုင်ပွဲကြီးတွေ နှစ်စဉ်စီစဉ်ကျင်းပ ပေးတဲ့အတွက်ကြောင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အစုံမှ ပြိုင်ပွဲဝင်တွေ များပြားလာတာလို့ ထင်မြင်မိပါတယ်၊၊ အခက်အခဲများစွာရှိတဲ့ကြားထဲမှ လူငယ်မျိုးဆက် သစ်တွေအတွက် အခုလိုပြိုင်ပွဲတွေကျင်းပပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်၊၊

မချစ်ပိုပိုအောင်

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၀-၁၅) မယ်ဒလင်အတီး

ကျွန်မဒီနှစ်မှ နေပြည်တော်မှာ စပြိုင်ဖူးတာပါ။ ကျွန်မကပုသိမ်ကပါ။ မယ်ဒလင်ကော၊ ဆိုင်းအဖွဲ့လိုက်မှာပါ ပြိုင်ပွဲဝင်ခဲ့တာကြောင့် တစ်လလောက် လေ့ကျင့်ခဲ့ပါတယ်။ ယှဉ်ပြိုင်ပြီးတဲ့အပေါ်မှာ စိတ်ကျေနပ်မှုရှိပါတယ်။ ကျွန်မက နွေရာသီကျောင်းပိတ်ရက်တွေမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်း ဆိုဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အဆိုကော၊ အတီးကော ထပ်ပြီးယှဉ်ပြိုင်သွားဦးမှာ ဖြစ်ပါတယ်။

မောင်ဇင်ကိုနိုင်နှင့်အဖွဲ့

မကွေးတိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀) အိုးစည်အတီး

ကျွန်တော်တို့အဖွဲ့က ဒီနှစ်မှစပြီး ဗဟိုမှာ ယှဉ်ပြိုင်တာပါ။ ယှဉ်ပြိုင်ခဲ့တဲ့ အပေါ်မှာ အားရကျေနပ်မှုရှိပါတယ်။ သီချင်းလေးပုဒ်လောက်ကို တစ်လ လောက် လေ့ကျင့်ပြီး အကောင်းဆုံး လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ခုလိုလာပြိုင်ရလို့ ပျော်ပါတယ်။ စိတ် လည်း လှုပ်ရှားရပါတယ်။

မောင်မင်းမြတ်စိုးနှင့်အဖွဲ့

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀) အိုးစည်အတီး

ကျွန်တော်တို့အဖွဲ့ (၂၄)ကြိမ်မြောက်ရယ်၊ (၂၅)ကြိမ်မြောက်ရယ်မှာ လာရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ (၂၄)ကြိမ်မှာ ကြေးတံဆိပ်ရပြီး (၂၅)ကြိမ်မှာ ဆုမရရှိခဲ့ပါဘူး။ ဒီနှစ်အတွက်လည်း အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့အဖွဲ့ကို ငပုတော အထကက ကျောင်းသားတွေနဲ့ စုဖွဲ့ထားတာပါ။ ရှေ့ဆက်ပြီးတော့လည်း ယှဉ်ပြိုင်သွားဦးမှာဖြစ်ပါတယ်။

မောင်ခင်မောင်လတ်နှင့်အဖွဲ့

ကယားပြည်နယ်ကိုယ်စားပြု

အခြေခံပညာ(၁၅-၂၀) ဒိုးပတ်အတီး

ကျွန်တော်တို့အဖွဲ့ လာရောက် ယှဉ်ပြိုင်တာ လေးကြိမ်ရှိပါပြီ။ ဆုတွေလည်း ရခဲ့ဖူးပါတယ်။ ဒီနှစ်အတွက်လည်း ဆုမျှော်မှန်းထားပါတယ်။ အချိန်က တစ်လလောက်လေ့ကျင့်ခဲ့ရတယ်။ ဆိုကရေးတီး ပြိုင်ပွဲလုပ်တိုင်း ဆက်လက်ပြိုင်သွားဦးမှာ ဖြစ်ပါတယ်။ ခုလို လာပြိုင်ရလို့ ပညာတွေ လည်း အများကြီးရတယ်။ တကယ်ပျော်ခဲ့ရပါတယ်။

မောင်စောဘုန်းလွင်

ကယားပြည်နယ်ကိုယ်စားပြု

အဆင့်မြင့်ပညာ မယ်ဒလင်အတီး

ကျွန်တော် အခုမှပထမဆုံး လာရောက် ယှဉ်ပြိုင်ဖူးတာပါ။ သုံးလေးလလောက်နဲ့ သီချင်းနှစ်ပုဒ်လောက်ကို အကောင်းဆုံး လေ့ကျင့်ခဲ့ပါတယ်။ ယှဉ်ပြိုင်ခဲ့မှုမှာ အများကြီးအတွေ့အကြုံတွေ ရခဲ့ပါတယ်။ မယ်ဒလင်အတီးအပြင် သီချင်းဆိုတာလည်း ဝါသနာပါပါတယ်။ နောင်နှစ်တွေ မှာ အဆိုဘက်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

သတင်းအဖွဲ့

Newspaper - 3315 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 03, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download