နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂) သင်တန်းဆင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / January 24, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂) အပိုင်း(၂) (Diploma in International Financial Reporting Standards - Dip IFRS) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီသည်နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားနှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) နှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံ ခြင်းစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်းကောင်း၊ စာရင်းစံဆိုင်ရာအသိပညာ ဗဟုသုတများ သိရှိနားလည်သည့် စာရင်းပညာတတ်ကျွမ်းသူနိုင်ငံ့ဝန်ထမ်းများ တိုးပွားများပြားလာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။

သင်တန်းတက်ရောက်ခြင်းဖြင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုရေးဆွဲခြင်းဖြင့် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ပြီး စီမံခန့်ခွဲသူများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ခွဲဝေသုံးစွဲရာတွင် ပိုမိုထိရောက်ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများရှိလာခြင်း စသည့် ကောင်းမွန်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေအနေကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေပြီး အကျိုးကျေးဇူးများစွာရရှိစေမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ယူလေ့လာမှတ်သားခဲ့သည့် သင်ခန်းစာများကို မိမိတို့လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးကြစေလိုကြောင်း၊ ယခုသင်တန်းအောင်မြင်ပြီးပါက အပိုင်း(၃)သင်တန်းသို့ ဆက်လက်တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာရရှိစေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းသား သင်တန်းသူများ ကိုယ်စားလျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနမှ သင်တန်းသူ မသွယ်သွယ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသားခုနစ်ဦး၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၆ ခုမှ သင်တန်းသား ၂၂ ဦး စုစုပေါင်းသင်တန်းသား ၂၉ ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး အပိုင်း (၃) အထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper - 3420 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download