နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂) ၊ အပိုင်း (၂) (Diploma in IFRS ၊ Batch-2 ၊ Level-II) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / January 28, 2026


စာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍ အတွက် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ်(၂)၊အပိုင်း (၂) ( Diploma in International Financial Reporting Standards - Dip IFRS) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ်ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများ (Public Interest Entities) နှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံ ခြင်းစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်းကောင်း၊ စာရင်းစံဆိုင်ရာအသိပညာ ဗဟုသုတများ သိရှိနားလည်သည့် စာရင်းပညာတတ်ကျွမ်းသူ နိုင်ငံ့ဝန်ထမ်းများ တိုးပွား များပြားလာစေရန် ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်း တက်ရောက်ခြင်းဖြင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ ဘဏ္ဍာရေးရှင်းတမ်း များ ပြုစုရေးဆွဲခြင်းဖြင့် ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ပြီး စီမံခန့်ခွဲသူများအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ခွဲဝေသုံးစွဲရာတွင် ပိုမိုထိရောက်ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှု နှင့်ပွင့်လင်းမြင်သာမှုများရှိလာခြင်းစသည့်ကောင်းမွန်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေအနေ ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေပြီး အကျိုးကျေးဇူးများစွာရရှိစေမှာဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်ယူလေ့လာမှတ်သားခဲ့သည့် သင်ခန်းစာများကို မိမိတို့လက်တွေ့လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချရန်၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် မိမိသိရှိထားသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးကြစေလိုကြောင်း၊ ယခု သင်တန်းအောင်မြင်ပြီးပါက အပိုင်း (၃) သင်တန်းသို့ ဆက်လက်တက်ရောက်ပြီး ဘွဲ့လွန် ဒီပလိုမာရရှိစေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/သင်တန်းသူများကိုယ်စား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ သင်တန်းသူ မသွယ်သွယ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား (၇) ဦး၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်း (၁၆) ခုမှ သင်တန်းသား (၂၂) ဦး စုစုပေါင်းသင်တန်းသား (၂၉) ဦး တက်ရောက် ပြီးမြောက်ခဲ့ပြီး အပိုင်း (၃) အထိအောင်မြင်ပြီးမြောက်သူများအား ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့်ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့်သင်တန်းသားများ တက်ရောက် ခဲ့ကြသည်။

Newspaper - 3424 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download