နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
Ministry of Information/ Naypyitaw / April 16, 2025
နေပြည်တော် ဧပြီ ၁၅
မြန်မာနိုင်ငံ၌ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင် ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ငလျင်ဒဏ်သင့်ပြည်သူ များထံ နိုင်ငံတကာမှကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မတ် ၂၉ ရက် ညပိုင်းမှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်သီလဝါဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့သည်။
မတ် ၃၀ ရက်မှ ဧပြီ ၁၃ ရက်အထိ ငလျင်ဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံ AHA Center ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုဇ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နှင့် ဘရူနိုင်းနိုင်ငံတို့မှ ပေးပို့လှူဒါန်း သည့်ပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများသို့ အချိန်မဆိုင်းဘဲ ဆက်လက်ဖြန့်ခွဲဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာက ကူညီထောက်ပံ့သည့်ပစ္စည်းများမှာ မိုးကာတဲ၊ တာပေါ်လင်၊ Hygiene Kit ၊ Kitchen Set၊ မီးစက်၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းတို့ဖြစ်သည်။
အထက်ပါပေးပို့လှူဒါန်းသောပစ္စည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့မှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၄၈ စီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများနှင့် မန္တလေး(တံတားဦး) အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည့် ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၂၁ စီးဖြင့် ပေးပို့ထားသည့် လှူဒါန်းပစ္စည်းများကို စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ မော်တော်ယာဉ်ငါးစီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့်လည်းကောင်း ခွဲဝေထောက်ပံ့ဆောင်ရွက်လျက်ရှိသည်။ လှူဒါန်းရရှိသည့်ပစ္စည်း များအနက် ဆေးနှင့်ဆေးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ဒဏ်ရာရရှိသည့်ပြည်သူများအား ကုသရာတွင် အသုံးပြုလျက်ရှိ သည်။
နိုင်ငံတကာအလှူရှင်များ၏ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဘေးသင့်ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ထားမှုကို နောက်ဆက်တွဲပါဇယားများဖြင့် ပူးတွဲ၍ ဖော်ပြအပ်ပါသည်။
ထို့ပြင် နိုင်ငံတကာအလှူရှင်များက ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင်ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို တစ်ပတ်လျှင်တစ်ကြိမ် ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်
Newspaper - 3467 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
