နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏ ဆန္ဒအမှန်ဖြစ်သော ငြိမ်းချမ်းရေး


Ministry of Information/ Naypyitaw / January 13, 2025
image_latest


ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ မရှိမဖြစ်လိုအပ်သည်။ သို့ရာတွင် လက်ရှိပြည်တွင်းဒေသအသီးသီးတို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များစွာတို့ကြောင့် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေကြရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်အစိုးရကို နိုင်ငံတော်၏ အာဏာများ ပြန်လည်အပ်နှင်းသွားရန်ပင်ဖြစ်ပြီး အတိအလင်းထုတ်ဖော်ပြောကြား ထားပြီးလည်းဖြစ်သည်။ ယင်းရည်မှန်းချက်အောင်မြင်စေရေးအတွက် တစိုက်မတ်မတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရရှိရန်မှာ လွန်စွာအရေးကြီးသည်။ နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများမှာမလိုလားအပ်သည့် လက်နက်ကိုင်လမ်းစဉ်များကြောင့်ပင်ဖြစ်ပြီး ပြည်ပမှ သွေးထိုးမြှောက်ပင့် ပံ့ပိုးသူများနှင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို ပြန်လည်ဖျက်ဆီးနေခြင်းလည်းဖြစ်သည်။ ယင်း၏ဒဏ်ကို ခံစားနေကြရသူများမှာမူ အပြစ်မဲ့ပြည်သူများ၊ ကလေးလူငယ်များနှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ရဟန်းသံဃာများပါမကျန်ပါဝင်သည်။

ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ မကျေလည်မှုကို အကြောင်းပြကြခြင်းဖြစ်သော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် လမ်းဖွင့်ပေးခြင်း၊ ကမ်းလှမ်းခြင်းတို့ပြုသည့်အခါတွင် အကြောင်းအမျိုးမျိုးပြ၍ နိုင်ငံရေးလမ်းကြောင်းကို ရှောင်လွှဲသွားကြသည်။ ပါတီစုံဒီမိုကရေစီခေတ်တွင် ဒီမိုကရေစီလမ်းကြောင်းမှ လျှောက်လှမ်း၍ ပြည်ထောင်စုကြီးကို တညီတညွတ်အတူတကွ တည်ဆောက်ကြရန်ဆိုသည်ထက် တစ်သီးတခြားရပ်တည်လိုမှုကို ရှေ့တန်းတင်လာကြသည်။ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များသာမက လမ်းတံတား၊ အခြေခံအဆောက်အအုံများ၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများပါမကျန် ပျက်စီးဆုံးရှုံးရသည်။ စင်စစ်အားဖြင့် ဤနိုင်ငံအတွင်း နိုင်ငံသားအချင်းချင်းလက်နက်ကိုင်တိုက်ခိုက်နေခြင်းသည် နိုင်ငံအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုချည်းသာဖြစ်သည်။ သေကျေဒဏ်ရာရ ပျက်စီးဆုံးရှုံးသမျှ အရာဝတ္ထုပစ္စည်းများ၊ ငွေကြေးများအားလုံးတို့မှာ မိမိတို့နိုင်ငံ၏ အရင်းအမြစ်များသာဖြစ်သည်။ တိုင်းရင်းသားလူမျိုးစုများစွာ စုပေါင်းနေထိုင်ကြသည့်နိုင်ငံတွင် မတူကွဲပြားသည့် လူမျိုးစုများအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည့်အစား ပြည်ပမှမြှောက်ပင့်သွေးထိုး လှုံ့ဆော်မှုများကိုအကြောင်းပြု၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ကြပါက ပြည်တွင်းမတည်ငြိမ်မှုနှင့်အတူ အားနည်းချည့်နဲ့သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏အားသည် ထိုနိုင်ငံ၏ ပြည်တွင်း၌ရှိသည့် အားသာလျှင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို ပြည်တွင်းအားဖြင့်သာ အဓိကတည်ဆောက်ကြရမှာဖြစ်သည်။ မိမိတို့နိုင်ငံသည် တိုးတက်ကြီးပွားရန် အခြေအနေအရပ်ရပ်တို့ ပိုင်ဆိုင်ထားပါလျက်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ မရောက်နိုင်ဘဲ လက်နက်ကိုင်ပဋိပက္ခသံသရာများနှင့်သာ ရင်ဆိုင်နေကြရသည်။ နိုင်ငံနှင့် လူမျိုးတို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ကျေလည်အောင်ဖြေရှင်းပြီး ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ကြရမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးသည် တောင်ပေါ်မြေပြန့် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စစ်မှန်သော အလိုဆန္ဒအဖြစ် အလေးအနက်ဂရုပြုကြရပါမည့်အကြောင်း။ ။

Newspaper - 3067 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download