နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
Ministry of Information/ Naypyitaw / April 07, 2026
နေပြည်တော် ဧပြီ ၆
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံ အမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၁) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်း များသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၁) တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အင်တာဗျူး (၁)
ကျွန်တော်ကတော့ အခက်အခဲတွေတော့ အများကြီးရှိတာပေါ့။ ကျွန်တော် အပြင်လူတစ်ယောက်အနေနဲ့ ဒီတပ်မတော်ထဲ ရောက်လာတယ်ဆိုတော့ ကျွန်တော်တို့ အရပ်ဘက်နဲ့တော့ ကွာတာပေါ့ဗျ။ စည်းကမ်းတော့ ရှိလာတယ်၊ ကျွန်တော်တို့ အကုန်လုံးပေါ့၊ အစစအရာရာပြောင်းလဲ လာတယ်ဗျ။ သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ ကျွန်တော်တို့ စစ်နည်းဗျူဟာပိုင်းပေါ့။ လက်နက်ငယ်ပိုင်းပေါ့၊ အများကြီးပါပဲ။ ကျွန်တော်တို့ကို သင်ကြားပေးပါတယ်ဗျ။ ကျွန်တော် ယုံကြည်မှုရှိလာတယ်ဗျ။ ကျွန်တော် အရပ်သားဘဝတုန်းကတော့ ပေါ့ပျက်ပျက်နေခဲ့တယ်ပေါ့၊ အခုတော့ စည်းကမ်းနဲ့ နေတတ်လာတယ်။ ကျွန်တော်အမိန့်လည်း နာခံတတ်လာတယ်ဗျ။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင်လည်း ကျွန်တော်နေထိုင်သွားမှာပါဗျ။
အင်တာဗျူး (၂)
ကျွန်တော်တို့ အရပ်သားတုန်းကတော့ လူငယ်တွေဖြစ်တဲ့အတွက် တစ်ခါတလေ ပျက်စီးခဲ့တာတွေ၊ မလိုအပ်ဘဲ ပျက်စီးခဲ့တာတွေလည်း ရှိကောင်းရှိခဲ့ပါတယ်။ အများကြီးပဲ အတော်များများ ပြောင်းလဲလာကြပါတယ်။ အကုန်လုံးက ကိုယ့်ခြေထောက်ကို ကိုယ်ရပ်ရမယ့်အနေအထားမျိုးမှာ အကောင်းဆုံးကြိုးစား သွားပါမယ်။ ကျွန်တော်တို့ စစ်သားတွေဖြစ်တဲ့အတွက် ကျန်းမာကြံ့ခိုင်ရမယ်။ ကျွမ်းကျင်မှုရှိရမယ်။ ရဲစွမ်းသတ္တိရှိရမယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြုပြင် ပြောင်းလဲလာရမယ်။ တပ်မတော်သားတစ်ယောက်ဖြစ်တဲ့အတွက် တစ်ဦးချင်းမဟုတ်တော့ဘဲ အဖွဲ့အစည်းအလိုက် အကောင်းဆုံးကြိုးစားသွားဖို့ တွေးထားပါတယ်။
အင်တာဗျူး (၃)
အတွေ့အကြုံတွေကတော့ နည်းနည်းတော့ ခက်ခဲကြမ်းတမ်းတာပေါ့။ ဒါပေမယ့် သင်ကြားပေးတဲ့ ပညာကတော့ စစ်နည်းဗျူဟာရယ်၊ လက်နက်ငယ်အပိုင်းရယ်၊ ကြံ့ခိုင်ရေးရယ်၊ စစ်ရေးပြကျွမ်းကျင်မှုရယ် သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော်အခု ကျရောက်တဲ့ မိခင်တပ်ရင်းကို အထက်ကပေးတဲ့ အမိန့်အတိုင်း တစ်သဝေမတိမ်းလိုက်နာပြီးတော့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားပါမယ်။ ယောက်ျားတိုင်းကတော့ ဒီစစ်မှုထမ်းကို ထမ်းဆောင်ရမှာပေါ့။ ကျွန်တော်ကတော့ တစ်ထောင့်တစ်နေရာကနေ နိုင်ငံတော်အတွက် အကျိုးရှိစွာ အသုံးချသွားပါမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
သတင်းစဉ်
Newspaper - 3493 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
