နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခြင်း
Ministry of Information/ Naypyitaw / September 20, 2024
(၂၀-၉-၂၀၂၄ ရက်၊ စိန့်ပီတာစဘတ်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုးသမီးများကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါသည်။
ဖိုရမ်၏ ဖွင့်ပွဲနှင့် မျက်နှာစုံညီအခမ်းအနားတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင်၊ ရုရှားနိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စဗာလန်တီးနား မာ့တ်ဗီရမ်ကာနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့အကြီးအကဲ မစ္စတာ အလက်ဇန္ဒား ဘယ်ဂ်လော့တို့က မိန့်ခွန်းများကို တက်ရောက်ပြောကြားခဲ့ပါသည်။ ထို့ပြင်ရုရှားနိုင်ငံဝန်ကြီးချုပ် မစ္စတာမီခေး မီရှုစတင်က မိန့်ခွန်းပေးပို့ခဲ့ပါသည်။ ထို့နောက် မျက်နှာစုံညီနှီးနှောဖလှယ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဖိုရမ်သို့တက်ရောက်လာသော နိုင်ငံတကာလွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့အစည်းများ၏ အမျိုးသမီးခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၏ ဗီဒီယိုမိန့်ခွန်း အပြည့်အစုံမှာ-
- မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း စသည့် အသင်းအဖွဲ့များအနေဖြင့် အမျိုးသမီးများ၊ မိခင်လောင်းများ၊ အမျိုးသမီးငယ်ရွယ်များ၊ ကလေးသူငယ်များ၊ သက်ကြီးဘိုးဘွားများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် ဂုဏ်ထူးဆောင်နာယကအဖြစ် လမ်းညွှန်ပါဝင်ဆောင်ရွက်နေပါကြောင်း၊
- မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည့်အတွက် ကမ္ဘာ့အမျိုးသမီးများနှင့်အတူ မြန်မာအမျိုးသမီးများသည်လည်း ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊
- မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ လိုအပ်လာသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှု၊ နည်းပညာကဏ္ဍဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ ကုန်သွယ်ရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခ စသည့် စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး အမျိုးသမီးများ၏ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးများ တစ်နေ့တစ်ခြား လိုအပ်မှုရှိလာသည်ကို တွေ့ရပါကြောင်း၊
- အမျိုးသမီးများသည် ပဋိပက္ခများ၏ဒဏ်ကို ပိုမိုခံစားရသူများဖြစ်သည့်အတွက် အပြန်အလှန်နားလည်ယုံကြည်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး ဆောင်ရွက်ရာတွင် အမျိုးသမီးထုအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မရှိ/မဖြစ် လိုအပ်ချက်ဖြစ်လာပါကြောင်း၊
- BRICS အဖွဲ့ကြီး၏ အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးမှာ အရေးပါသည့်ယန္တရားတစ်ရပ်အဖြစ် ဆောင်ရွက်နေသည်ကို အားတက်ဖွယ်တွေ့ရှိရပါကြောင်း၊
- ယခုအချိန်သည် အမျိုးသမီးများ၏ နေ့စဉ်ဘဝကိစ္စဆောင်ရွက်မှုကိုသာမက ကမ္ဘာ့ရေးရာကိစ္စများတွင်ပါ ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ခံနိုင်ရည်စွမ်းအား၊ ဖန်တီးနိုင်စွမ်းအားများကို အသိအမှတ်ပြုအားပေးရမည့် အချိန်အခါဖြစ်ပါကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အထူးအလေးထားလျက်ရှိပါကြောင်း၊
- ယခု ယူရေးရှားအမျိုးသမီးဖိုရမ်သည် ကမ္ဘာတစ်လွှားမှ အမျိုးသမီးများ၏ အကျိုးစီးပွားကို မြှင့်တင်ရေးအတွက်သာမကပဲ ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အကောင်အထည်ဖော်နေသော အမျိုးသမီးထုကြီး၏ စုပေါင်းအင်အားအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊
- ဤဖိုရမ် ဆက်လက်တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နိဂုံးချုပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါဖိုရမ်ကို “ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုအတွက် အစီအစဉ်သစ်”၊ “စီးပွားရေးဆိုင်ရာ အမှန်တရား - နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများ”၊ “ကျန်းမာသန်စွမ်းသော လူ့အသိုင်းအဝိုင်းနှင့် သာယာဝပြောသော လူမှုအဖွဲ့အစည်း”၊ “သန့်ရှင်းသောကမ္ဘာနှင့် အစားအသောက်လုံခြုံရေး”၊ “ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်း” တို့အတွက် အမျိုးသမီးများ၏ကဏ္ဍနှင့် “BRICS အမျိုးသမီးဖိုရမ်ဆွေးနွေးပွဲ” တို့ကို ခေါင်းစဉ်များအလိုက် ကျင်းပဆွေးနွေးကြပါသည်။ “ဓလေ့ထုံးထမ်းများကို ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းတို့အတွက် အမျိုးသမီးများ၏ကဏ္ဍ” ခေါင်းစဉ်အောက်၌ မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်ကလည်း ဗီဒီယိုမိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ နိုင်ငံတကာမှ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အာကာသ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားကဏ္ဍဆိုင်ရာ အမျိုးသမီးခေါင်းဆောင်များနှင့် ပညာရှင်များအပါအဝင် နိုင်ငံပေါင်း(၁၂၆)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၁,၅၀၀) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
