နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ သွားရောက်လေ့လာကြည့်ရှု


Ministry of Information/ Naypyitaw / November 05, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခရီးစဉ်တွင် လိုက်ပါလာကြသူများသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်နှင့် ကူမင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်သို့ ရောက်ရှိကြရာ ကောလိပ်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ကောလိပ်ဆိုင်ရာအချက်လက်များ၊ ကောလိပ်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သက်မွေးပညာဘာသာရပ်များနှင့် နည်းပညာဆိုင်ရာဘာသာရပ်များ၊ မြန်မာနိုင်ငံနယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အပါအဝင် နိုင်ငံတကာမှ သက်မွေးဘာသာရပ်ဆိုင်ရာ သင်ကြားပေးနေသည့် ကောလိပ်များ၊ တက္ကသိုလ်များဖြင့် ဆက်ဆံမှုစနစ် ထူထောင်ထားရှိပြီး ကူးလူးဆက်ဆံဆောင်ရွက်လျက်ရှိမှု၊ အတတ်ပညာပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်လုပ်သားများ၊ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိမှုနှင့် အခြားဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောလိပ်အတွင်းရှိ Electromechnical Training Centre အတွင်း ကမ္ဘာ့အဆင့်အတတ်ပညာဆိုင်ရာ ပြိုင်ပွဲများ၊ ပြပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နည်းပညာရပ်ဆိုင်ရာများ၊ ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် အဆင့်မြင့်နည်းပညာအသုံးပြု စက်ကိရိယာများ ခင်းကျင်းပြသထားရှိမှု၊ China's Training Base For Worldskills Competition Information Network Cabling အတွင်း ကေဘယ်ဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ရောက်ရှိကြရာ တက္ကသိုလ်ပါတီအတွင်းရေးမှူးဖြစ်သူ Mr. Teng Jiahua နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တက္ကသိုလ်ရှိ AI နည်းပညာစမ်းသပ်ခန်းအတွင်း၌ တက္ကသိုလ်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ Video Clip ဖြင့် ဖွင့်လှစ်ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယပါမောက္ခချုပ်ဖြစ်သူ Mr. Liu Yanwen က AI နည်းပညာဆိုင်ရာဆောင်ရွက်ချက်များကို လက်တွေ့စမ်းသပ်ပြသသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်းရှိ UAV နှင့် Drone နည်းပညာအသုံးပြု လယ်ယာစိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် ကင်းထောက်နိုင်မှုစွမ်းရည်များအား သင်ကြားပို့ချမှုဌာန၊ လူသားအစားထိုးအဆင့်မြင့်စက်ရုပ်နည်းပညာ၊ အာရုံခံစနစ်အသုံးပြုမှုနည်းပညာအသုံးချမှုစနစ်အား သင်ကြားပို့ချမှုဌာနတို့သို့ လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက္ကသိုလ်ပါတီအတွင်းရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး တက္ကသိုလ်မှတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက် တွင်စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်ကာ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထား၍ သင်ကြားပို့ချလျက်ရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝန်းအတွင်း၌ ဆေးဝါး၊ စိုက်ပျိုးရေး အစားအစာ၊ ဇီဝ၊ နည်းပညာများနှင့်သက်ဆိုင်သည့် ဘာသာရပ်များကိုလည်းသင်ကြား ပို့ချပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံနှင့် ဒေသပေါင်း ၄၉ ခုမှ တက္ကသိုလ်များနှင့် သုတေသန စင်တာပေါင်း ၁၉၀ နှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးသဘော တူညီချက် ၂၄၅ ခုကို လက်မှတ်ရေးထိုးထားရှိပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများအတွက် အင်ဂျင်နီယာနှင့် စီမံခန့်ခွဲမှုစွမ်းရည်သင်တန်းများကို ဖွင့်လှစ်ပေးခြင်း၊ နည်းပညာများသင်ကြားပေးခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သုတေသနနှင့်ဖလှယ်မှုများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 3031 items

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ ဒီဇင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လကွယ်နေ့၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download