နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များ ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / January 13, 2025
မြစ်ကြီးနား ဇန်နဝါရီ ၁၂
ကချင်ပြည်နယ် ပူတာအိုမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ တောင်တန်းသာသနာပြု ဗဟိုကျောင်း ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇဘဒ္ဒန္တဝိစာရဉာဏနှင့် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား၍ အလှူငွေကျပ်သိန်း ၃၀၊ ဆန်အိတ် ၅၀ နှင့် စားဆီ ၅ ပုံးတို့ကို လှူဒါန်းပြီး မချမ်းဘော့မြို့နယ်အတွင်း တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင်ကောင်းမှုလုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကာ စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
အစာအိတ်များ ပေးအပ်
ထို့နောက် ပူတာအိုမြို့နယ်အတွင်းရှိ တပ်နယ်ဧက ၅၀၀ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံ (နမ့်တာလဲ)၌ သီးပင်စားပင်စိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားတိုးဝက်များမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးဆောင်ရွက်နိုင်မှုနှင့် ဒေသတွင်း ပြန်လည်ရောင်းချပေးနိုင်သည့် အခြေအနေများကို မေးမြန်းဆွေးနွေးကာ မွေးမြူရေးအထောက်အကူ ပြုဆေးဝါးများနှင့် စွမ်းအားပြည့် ဖြည့်စွက် အစာအိတ်များကို ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အဖွဲ့ဝင်များနှင့်အတူ ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထိုသို့တွေ့ဆုံစဉ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက ပူတာအိုဒေသ ဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ မြို့မိ၊ မြို့ဖများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း တင်ပြကြရာ သက်ဆိုင်ရာကဏ္ဍအလိုက် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ဒေသတွင်း ဝမ်းစာဖူလုံအောင်ကြိုးစား
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်စေရေးကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို အလေးအနက်ထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပူတာအိုဒေသခံများအနေဖြင့် ဒေသတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်း ဝမ်းစာဖူလုံအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် အဖွဲ့ဝင်များသည် ဘာသာရေးအဖွဲ့(၁၃)ဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် DTH စလောင်းအစုံ ၃၀၊ တောင်သူများအတွက် အစေ့ထုတ်ပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့အိတ်များ၊ အိမ်သုံးဆိုလာအစုံ ၅၀၊ နိုင်ငံတော်က အခမဲ့ပေးအပ်သည့် ကျောင်းသုံးဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ဒေသထွက် အသင့်စားထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပူတာအိုမြို့မရပ်ကွက်အတွင်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို)၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများ၊ ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပစ္စည်းများနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ချီးမြှင့်၍ သင်တန်းကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ယမန်နေ့ညနေပိုင်းက ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခါကာဘိုရာဇီရိပ်သာ ဧည့်ခန်းမဆောင်၌ ပူတာအိုဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3067 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ February 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download