နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများသို့ တက်ရောက်


Ministry of Information/ Naypyitaw / January 23, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၂၃

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မတော်‌(ရေ)မှ အရာရှိကြီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအားအလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ရောက်ရှိလာပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။ ယင်းသို့တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် စစ်ရေယာဉ်များက ရန်ကုန်မြစ်အတွင်းမှ ကာကွယ်ရေးဦးစီးချုပ်(ရေ)အား ပုံပြုချီတက်မောင်းနှင်အလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၄)မှအကောင်းဆုံးကျောင်းသားဆုရရေ ၅၇၄၈ ဗိုလ် ဟိန်းမင်းသန့်နှင့် ရေကြောင်းပညာ စာပေထူးချွန်ဆုရ ရေ ၅၇၄၅ ဗိုလ် ဟိန်းထက်အောင်တို့အားလည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈)မှ အကောင်းဆုံးကျောင်းသား ဆုရ ရေ ၅၇၆၉ ဗိုလ်စိုင်းမင်းသန့်နှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရ ရေ ၅၇၇၀ ဗိုလ်ဘုန်းမြင့်ကျော်တို့အားလည်းကောင်း ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ)က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ရေ)အတွက်သာမက နိုင်ငံတော်နှင့် တပ်မတော်အတွက် အားသစ်လောင်းမည့် မျိုးဆက်သစ်အရာရှိငယ်များကို အောင်မြင်စွာ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း ရေကြောင်းသွားလာရေးဆိုင်ရာပညာရပ်များ၊ ရေကြောင်းအင်ဂျင်နီယာဆိုင်ရာပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ်ဆိုင်ရာပညာရပ်များနှင့် ရေတပ်အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာပညာရပ်များကို စာတွေ့သင်ကြားပေးခဲ့သည့်အပြင် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်မှုများကိုလည်း စစ်ရေယာဉ်များတွင် တွဲဖက်၍ လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် ရေတပ်ပညာရပ်များသည် ရေတပ်အရာရှိဘဝကို စတင်ရန်အတွက် အခြေခံမျှသာရှိသေးသဖြင့် Long Life Learning ဆိုသည့်အတိုင်း ဘဝတစ်လျှောက်လုံး လေ့လာသင်ယူသွားရန်  အထူးလိုအပ်ကြောင်း။

ခေါင်းဆောင်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အတိုင်း မိမိအဖွဲ့အစည်းက အားကိုးရသော ခေါင်းဆောင်ကောင်းများဖြစ်စေရန်၊ မိမိအရည်အသွေးကို တိုးတက်အောင် အမြဲကြိုးစားဆောင်ရွက်နေကြရန်၊ မှန်ကန်စွာခေါင်းဆောင်နိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော အသိပညာ၊ အတတ်ပညာများကို မိမိကိုယ်တိုင်တတ်မြောက်ပြည့်စုံရန် လိုအပ်သဖြင့် အလေးအနက်ထားလုပ်ဆောင်လိုက်နာရမည်ဖြစ်ကြောင်း၊ စည်းကမ်းအရာ၌ မိမိလက်အောက်ငယ်သားများကို စည်းကမ်းလိုက်နာစေရေး ကြပ်မတ်ဆောင်ရွက်ရသကဲ့သို့ မိမိကိုယ်တိုင်ကလည်း စံနမူနာပြလိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော တွေးခေါ်မြော်မြင်နိုင်မှုနှင့် ဗဟုသုတကြွယ်ဝစေရန်အတွက် စာပေကောင်းများကို ဖတ်ရှုသွားရန်နှင့် Professional Skill အစဉ်မြင့်မားနေစေရေး လုပ်ဆောင်သွားရန်လိုအပ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း အလေးထားကျင့်ကြံလိုက်နာသွားရန်လိုအပ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာ‌များ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒညွှန်ကြားချက်‌များအား စဉ်ဆက်မပြတ်‌လေ့လာ‌ရမည့်အပြင် အသိပညာဗဟုသုတ ပြည့်ဝ‌ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို မျက်‌ခြည်မပြတ်စေရန် လေ့လာမှတ်သား‌နေရန်လိုအပ်‌ကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် အဏ္ဏဝါသီရိရိပ်သာဧည့်ခန်းမ၌ ထူးချွန်ဆုရရှိသည့် သင်တန်းဆင်းအရာရှိများနှင့် မိဘများအား တွေ့ဆုံ၍ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲကျင်းပနေစဉ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ တေးဂီတအဖွဲ့နှင့် တပ်မတော်(ရေ)တေးဂီတအဖွဲ့တို့မှ တေးသီချင်းအဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3067 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download