နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Ministry of Information/ Naypyitaw / January 24, 2025
ရန်ကုန် ဇန်နဝါရီ ၂၃
ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးက ဦးစီးကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိတ်ဟိုတယ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ma Jia နှင့် သံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် တရုတ်ရိုးရာပစ္စည်းများ ပြသထားသည့်ဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။
အခမ်းအနားကို တရုတ်ရိုးရာ ခြင်္သေ့တိုင်အက၊ ခြင်္သေ့နဂါးအကတို့ဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နှစ်သစ်ကူးအထိမ်းအမှတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြား တည်ထောင်ခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် သက်တမ်းရှည်ကြာစွာ ဖြစ်ထွန်းခဲ့ပြီဖြစ်ပါကြောင်း။
ရေမြေတောတောင်များ ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများအကြား ရှေးပဝေသဏီကတည်းက ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးထားရှိခဲ့ပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ခေတ်သစ်တွင် နှစ်နိုင်ငံပြည်သူများအကြား ဆွေမျိုးပေါက်ဖော်ညီရင်းအစ်ကိုစိတ်ဓာတ်ကို အခြေခံပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုများဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကိုလည်း ထူထောင်နိုင်ခဲ့ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစရှိသည့် ကဏ္ဍများတွင် အကူအညီများကို အစဉ်တစိုက်ပေးအပ်လျက်ရှိသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့် အကူအညီများ ပေးအပ်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအသိုက်အဝန်းကပါ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထားပါကြောင်း၊ ဤနေရာတွင် တရုတ်နိုင်ငံ၏ နားလည်မှုနှင့် အကူအညီပေးမှုကို များစွာတန်ဖိုးထားပါကြောင်း။
၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံအကြားရှိသည့် ပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းများအဖြစ် စိတ်ကောင်းစေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ma Jia က ၂၀၂၅ခုနှစ်သည် တရုတ် - မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅)နှစ်မြောက်ဖြစ်ပြီး တရုတ်ပြက္ခဒိန်၏ မြွေနှစ်လည်းဖြစ်ပါကြောင်း၊ တရုတ်ရိုးရာယဉ်ကျေးမှုတွင် မြွေထွက်ပေါ်လာခြင်း၏ အဓိပ္ပာယ်မှာ အသက်ရှည်ခြင်း၊ ချမ်းသာခြင်းနှင့် ကံကောင်းခြင်းပင်ဖြစ်ပါကြောင်း၊ ဗုဒ္ဓဆီမီးထွန်းလင်းတောက်သောနှစ်ဟုလည်း ခေါ်ဆိုပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ အကျိုးပြုမှုများစွာကို ဆောင်ကြဉ်းပေးကာ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေမည်ဟု မျှော်လင့်မိပါကြောင်းနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တရုတ်ရိုးရာယဉ်ကျေးမှုတူရိယာဖျော်ဖြေမှုများ၊ အကအလှများနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်
Newspaper - 3459 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
