နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်


Ministry of Information/ Naypyitaw / February 14, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၄

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြခန်းတာဝန်ခံများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသေးစားစက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ်ကုန် အထူးဆုရရှိသူ (၁၂) ဦးတို့အားလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်အထူးဆုရရှိသူ (၅) ဦးနှင့် အသေးစား (Micro) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ (၅) ဦးတို့အားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အငယ်စား (Small) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ (၅) ဦးနှင့် အလတ်စား (Medium) စီးပွားရေးလုပ်ငန်းများ အထူးဆုရရှိသူ (၅) ဦးတို့အားလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးဆုရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်တို့မှ ပြိုင်ပွဲဝင်များအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အကောင်းဆုံးရရှိကြသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်များအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အသေးစား စက်မှုလက်မှုလုပ်ငန်း (စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်းထည်၊ လက်မှုထည်) စံပြထုတ်ကုန်ဆုရရှိသူ (၄) ဦးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည် တတိယဆုရရှိသူများဖြစ်ကြသည့် အသေးစား ထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “ဝိသာခါ” အမွေးတိုင်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးလုပ်ငန်းမှ ဒေါ်ဖြူဖြူဥ၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး “HMG” မော်တော်ယာဉ်လေစစ်ဘူးလုပ်ငန်းမှ ဦးလှိုင်မိုး၊ အလတ်စားထုတ်ကုန်လုပ်ငန်းတွင် တနင်္သာရီတိုင်းဒေသကြီး “မြန်မာအတ္တလန်တစ်” ကုမ္ပဏီလီမိတက်မှ ဦးစိုးမိုးနိုင်၊ သမဝါယမ အသင်းစွမ်းဆောင်ရည်ဆုရရှိသည့် ပြည်ထောင်စုနယ်မြေနေပြည်တော် “သားတင်ဦး” အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ တာဝန်ရှိသူတို့အားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမ အသင်းစွမ်းဆောင်ရည် ဒုတိယဆုရရှိကြသူများဖြစ်သည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် ဧရာဝတီတိုင်းဒေသကြီး “M-Treasure” ကွမ်းသီးဖက်ထုတ်ကုန်လုပ်ငန်း မှ ဒေါ်မာလာစန်း၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “MG Myanmar Gasket" အမျိုးမျိုးထုတ်ကုန်လုပ်ငန်းမှ ဦးဇင်မျိုးထိုက်၊ အလတ်စားစီးပွားရေးလုပ်ငန်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် “မြန်မာရွှေသစ်သီးဝလံ” ကုမ္ပဏီလီမိတက်မှ ဒေါ်လဲ့လဲ့ဦးနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ “သီရိစန္ဒာ” အထည်ချုပ်နှင့်အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည် ပထမဆုရရှိသူများဖြစ်ကြသည့် အသေးစားထုတ်ကုန်လုပ်ငန်းတွင် မန္တလေးတိုင်းဒေသကြီး "Healthy & Happy" စားသောက် ကုန်လုပ်ငန်းမှ ဒေါ်မေနှင်းဝေ၊ အငယ်စားထုတ်ကုန်လုပ်ငန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး “သံစဉ်နေလ” ပျားရည်သန့်စင်စက်ရုံမှ ဦးပြည့်ဖြိုးလှိုင်၊ အလတ်စားထုတ်ကုန်လုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး “သလ္လာဝတီ” ကုမ္ပဏီလီမိတက်မှ ဦးထူးဝေနှင့် ကုန်ထုတ်သမဝါ ယမအသင်းစွမ်းဆောင်ရည်ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သမဝါယမအသင်းစု “အနော်ရထာ” ဆီစက်လုပ်ငန်းမှ တာဝန်ရှိသူတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဆုရရှိကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။

အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ MSME များ ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေပြီး ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ဒေသတစ်ခု၏လိုအပ်ချက်ကို အခြားဒေသမှ ဖြည့်ဆည်းလာရန်နှင့် အားသာချက်/အားနည်းချက်များကို သိမြင်ဖော်ထုတ်လာစေရန်၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက် ထုတ်ကုန်ပစ္စည်းများသည် “ဈေးနှုန်းတူပါက ပစ္စည်းကောင်းရန်၊ ပစ္စည်းချင်းတူပါက အရည်အသွေးပိုကောင်းရန်” ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် လိုအပ်ချက်များကို သိမြင်ဆောင်ရွက်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆောင်ရွက်နေသည့် ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအမံများ အောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်စေရန်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်အသစ်များကို ပြည်ပသွင်းကုန် အစားထိုးအဖြစ် ပြည်တွင်းမှ ပိုမိုသုံးစွဲနိုင်ရန်နှင့် ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်၊ MSME များနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံသူများ ပိုမိုချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လာစေရန်၊ ပြည်ထောင်စုအဆင့် အသိအမှတ်ပြု MSME စံပြထုတ်ကုန်ဆုများပေးအပ် နိုင်စေရန်နှင့် MSMEလုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ Digital Corner နည်းပညာပြခန်း၊ MSME နှင့်ချိတ်ဆက်ထားသည့် ဆက်စပ်လုပ်ငန်းပြခန်း၊ Business Matching Hall တွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများနှင့် ပြည်ပပို့ကုန်ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန်အလှန်ဆက်သွယ်နိုင်ရေး ဆောင်ရွက်ပေးထားမှု ဝန်ဆောင်မှုပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအတွက် ကြော်ငြာရိုက်ကူးထုတ်လုပ်ပေးနိုင်မှု သရုပ်ပြခန်း၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ အပါအဝင်ပြခန်းစုစုပေါင်း ၉၆ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစား ၇ ဆု၊ ဆုပေါင်း ၆၃ ဆု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု(Digital Transformation) ကို လက်တွေ့ကျကျဆောင်ရွက်သည့်အနေဖြင့် Digital Trophy၊ ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုငွေသားဆုစုစုပေါင်း ကျပ်သိန်း ၇၅၀ အားပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ ငွေသားဆုများအား ချီးမြှင့်သူက Digital Payment System ဖြင့် ငွေလွှဲပို့ချီးမြှင့်ခြင်းဖြစ်ကာ ဆုချီးမြှင့်ခံရသူအသီးသီး၏ E-Banking Account မှ တဆင့်ချီးမြှင့်ငွေအသီးသီးကို လက်ခံရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3511 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download