နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
Ministry of Transport and Communications/ Naypyitaw / April 06, 2025

ရန်ကုန်၊ ဧပြီလ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ ကျင်းပသည့် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနအကြီးအမှူးများ၊ ကျောင်းသားမိဘများ၊ ဧည့်သည်တော်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဆင်းတပ်ခွဲကို စစ်ဆေးပြီး စစ်ရေးပြတပ်ခွဲများမှ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်းအရာရှိလောင်းဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း(ရေကြောင်း)ဆုရ အရာရှိလောင်း မင်းထက်မောင်မောင်၊ စံပြအရာရှိလောင်း(အင်ဂျင်နီယာ)ဆုရ အရာရှိလောင်း စိုင်းကောင်းထက်ကျော်၊ စံပြအရာရှိလောင်း (လျှပ်စစ်နည်းပညာ)ဆုရ အရာရှိလောင်း ရဲသူရဇော်၊ ကုန်သွယ်ရေကြောင်းအရာရှိလောင်း စာပေထူးချွန်ဆုရအရာရှိလောင်း ကောင်းဇင်သူ၊ အင်ဂျင်နီယာအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ရှိုင်းမင်းအောင်၊ လျှပ်စစ်နည်းပညာအရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း ဟိန်းမြတ်စန်း တို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး ထူးချွန်ဆုရ အရာရှိလောင်း ၆ ဦးနှင့် ၎င်းတို့၏ မိဘများကို တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားကာ တက်ရောက်လာသည့် ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ကျောင်းဆင်းအရာရှိလောင်းများ နှင့်အတူစုပေါင်းအမှတ်တရဓာတ်ပုံရိုက်သည်။
ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၆)၌ ရေကြောင်းအရာရှိလောင်း ၁၂၃ ဦး၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း ၁၂၁ ဦး၊ ရေကြောင်းလျှပ်စစ် နည်းပညာအရာရှိလောင်း ၃၇ ဦး စုစုပေါင်း ၂၈၁ ဦးတို့ တက်ရောက်အောင်မြင်ခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၆၃ ခုနှစ်မှ ယနေ့အထိ ၆၂ နှစ်တာကာလအတွင်း ရေကြောင်းအရာရှိ ၈၇,၄၂၉ ဦး၊ အင်ဂျင်နီယာအရာရှိ ၂၉,၃၅၁ ဦး၊ အခြားအဆင့်သင်တန်းသားပေါင်း ၁၅၉,၃၇၉ ဦး နှင့်ရေကြောင်းအရာရှိလောင်း၊ ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်း၊ ရေကြောင်းလျှပ်စစ်နည်း ပညာအရာရှိလောင်း ၅၈၄၆ ဦး ဖြစ်ပြီး ရေကြောင်းဘက်ဆိုင်ရာကျွမ်းကျင်သူ စုစုပေါင်း ၂၈၂,၀၀၅ ဦးတို့ကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ သင်တန်းပြီးမြောက်ခဲ့သည့် အရာရှိလောင်းများအနက် လက်ရှိအချိန်တွင် ရေယာဉ်မှူးကြီး(Captain)အဆင့် ၇၁၉ ဦး၊ ကုန်းပတ်အရာရှိချုပ်(Chief Officer)အဆင့် ၆၉၅ ဦး၊ ဒုတိယတန်းကုန်းပတ်အရာရှိ (Second Officer)အဆင့် ၆၄၃ ဦး၊ တတိယတန်းကုန်းပတ်အရာရှိ(Third Officer)အဆင့် ၈၅၂ ဦးနှင့် အင်ဂျင်နီယာမှူးကြီး (Chief Engineer)အဆင့် ၆၈၀ ဦး၊ ဒုတိယတန်း စက်မှုလက်မှုအရာရှိ (2nd Engineer)အဆင့် ၆၆၉ ဦးနှင့် တတိယတန်းစက်မှုလက်မှုအရာရှိ (3rd Engineer)အဆင့် ၁,၅၃၀ ဦးတို့သည် နိုင်ငံတကာသင်္ဘောများပေါ်တွင် အဆင့်မြင့်တာဝန်များ ထမ်းဆောင်လျက်ရှိနေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3132 items

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ ဧပြီ ၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download