နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး သီလဝါအကွက်အမှတ် (၂၇၊၂၈၊၂၉)တွင် ကျင်းပပြုလုပ်သည့် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ ပန္နက်တင်အခမ်းအနား တက်ရောက်


Ministry of Transport and Communications/ Naypyitaw / April 06, 2025
image_latest


ရန်ကုန်၊ ဧပြီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧပြီလ ၄ ရက် နံနက်ပိုင်းက သီလဝါဆိပ်ကမ်းဧရိယာရှိ အကွက်အမှတ် (၂၇၊ ၂၈၊ ၂၉)တွင် ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် ခေတ်မီသိုလှောင်ရုံ ပန္နက်တင်အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စီမံကိန်းအကောင်အထည်ဖော်မည့် အများပိုင်ကုမ္ပဏီ ၃ ခုမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။  

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရသည့်အကြောင်းအရင်းများနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများက ခေတ်မီသိုလှောင်ရုံ တည်ဆောက်မည့် မြေနေရာတွင် ပန္နက်တင်ခြင်း၊ အမွှေးနံ့သာရည် ပက်ဖျန်းခြင်းနှင့် ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်မည့် မြေနေရာတွင် မြေကျင်းအား သဲဖို့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပသို့ပို့ကုန် ၂ ဆ တိုးမြှင့်ပို့နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့၏ ပံ့ပိုးကြီးကြပ်မှုဖြင့် အများပိုင်ကုမ္ပဏီ ၃ ခု ဖြစ်ကြသော စားသုံးဆီနှင့် ဆီထွက်သီးနှံများကိုင်တွယ်မည့် Myanmar Edible Oil Industrial Public Co., Ltd. (MEICO)၊ ဆန်နှင့်ကောက်ပဲ သီးနှံကိုင်တွယ်မည့် Myanmar Agribusinesss Public Co., Ltd. (MAPCO)၊ လယ်ယာထွက် ကုန်နှင့် ဆီထွက်သီးနှံများကိုင်တွယ်မည့် Myanmar  Agricultural & General Development Public Ltd. (MAGDPL) နှင့် China Harbour Engineering Co., Ltd. (CHEC) တို့ ပူးပေါင်း၍ သီလဝါအကွက်အမှတ် (၂၇၊ ၂၈၊ ၂၉)တွင် ဘက်စုံသုံး အပြည်ပြည်ဆိုင်ရာဆိပ်ခံတံတား တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်နိုင်ရန် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement- MOA)များကို လက်မှတ်ရေးထိုးခဲ့ကြပြီး အလျား ၅၈၅ မီတာရှိ ဘက်စုံသုံးအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားနှင့် အလျားပေ ၅၅၀၊ အနံပေ ၁၅၀ နှင့် အမြင့် ၃၄ ပေ၊ စုစုပေါင်း ဧရိယာ ၈၂၅၀၀ စတုရန်းပေ အကျယ်အဝန်းရှိ ခေတ်မီသိုလှောင်ရုံတစ်လုံးကို ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ် ကြောင်းနှင့် အဆိုပါဆိပ်ခံတံတားသည် ရန်ကုန်ဆိပ်ကမ်းအတွက် ခေတ်မီဆိပ်ခံတံတားတစ်စင်း ဖြစ်လာမည်ဖြစ်ပြီး တံတားရှေ့ရေစူး ၁၄ မီတာအထိ ရရှိမည်ဖြစ်၍ သီလဝါဆိပ်ကမ်းဧရိယာအတွက် ခွင့်ပြုသတ်မှတ်ထားသည့် ရေစူး ၁၀.၅ မီတာနှင့် ကုန်တန်ချိန် ၅၀,၀၀၀ အထိ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာဆိပ်ကမ်းများကို ချိတ်ဆက်၍ နိုင်ငံတော်အတွက် ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အားဖြည့်ဝန်ဆောင်မှုပေးနိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3132 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၉ ရက်၊ ဧပြီ ၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၀ ရက်၊ ဧပြီ ၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download