နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-မန္တလေးရထားလမ်းပိုင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ရထားလမ်းပိုင်းနေရာများ၊ ဘူတာများနှင့် စမုံတံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-မန္တလေးရထားလမ်းပိုင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ရထားလမ်းပိုင်းနေရာများ၊ ဘူတာများနှင့် စမုံတံတားပြန်လည်ပြုပြင်ရေးလုပ်ငန်းခွင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / April 13, 2025

နေပြည်တော်၊ ဧပြီ ၁၂
ဒုတိယဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦးသည် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပြင်းထန်ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် နေပြည်တော်-မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းနေရာများ၊ ပြိုကျပျက်စီးသွားသည့် ရထားဘူတာများနှင့် စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ တံတားအမှတ်- ၆၉၁ (စမုံတံတား) ပြန်လည်ပြုပြင်ရေး လုပ်ငန်းခွင်နေရာများသို့ ဧပြီလ ၁၁ ရက်နေ့က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်မှ RBE အထူးရထားဖြင့် စတင်ထွက်ခွာပြီး မကျီးပင်ဘူတာသို့ရောက်ရှိသည်။ ၎င်း၌ ဘူတာအဆောက်အဦပျက်စီးမှုများအား စစ်ဆေးကြည့်ရှု၍ ဝန်ထမ်းများဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရထားသွားလာရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေးအတွက် ယာယီဘူတာအဖြစ်အသုံးပြုနိုင်ရန် ရွက်ဖျင်တဲ ၁ လုံးနှင့် စားသောက်ဖွယ်ရာများ ဝန်ထမ်းများသို့ပေးအပ်၍ အားပေးခဲ့သည်။ ၎င်းနောက် ရမည်းသင်းမြို့နယ်၊ ညောင်လွန့်ဘူတာနှင့် ငှက်သိုက်ဘူတာအကြား ရထားလမ်းအား Automatic Lining, Levelling and Tamping Machine-ALLTM စက်ယန္တရားအသုံးပြု၍ ကြံ့ခိုင်တောင့်တင်းစေရေး ဆောင်ရွက်နေသည့်လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီးနောက် ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သဲတောနှင့်စမုံအကြားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ထားသည့် တံတားအမှတ် ၆၇၇ အစုန်နှင့်အဆန် တံတား ၂ စင်းတို့အား ရထားသွားလာမှု စိတ်ချလုံခြုံမှုရှိစေရေးအတွက် လိုအပ်သည့်ပြုပြင်မွမ်းမံမှု အစီအစဉ် အမြန်ဆုံးဆောင်ရွက်နိုင်ရေးမှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမုံဘူတာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကိုစစ်ဆေး၍ ရထားလုပ်ငန်းများ ပုံမှန်ဆက်လက် ဆောင်ရွက်နိုင်ရေးတို့အတွက် ယာယီဘူတာအဖြစ် အသုံးပြုနိုင်မည့် ရွက်ဖျင်တဲ ၁လုံးနှင့် စားသောက်ဖွယ်ရာများအား ဝန်ထမ်းများသို့ ပေးအပ်ခဲ့သည်။ ဆက်လက်၍ မကြာမီက ရေတိုက်စားမှုကြောင့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်နေဆဲဖြစ်သော တံတားအမှတ် ၆၉၁ စမုံတံတားသို့ ရောက်ရှိလာရာ လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူမှ ရှင်းလင်းတင်ပြချက်အပေါ် တည်ဆောက်နေဆဲဖြစ်သည့် ရေလမ်းထိန်းသိမ်းရေးတမံတည်ဆောက်မှုတွင် ငလျင်ဒဏ်ကြောင့် ထပ်မံထိခိုက်ထားသည့်နေရာများ၌ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ရရှိအောင်ပြန်လည် ဆောင်ရွက်ရေး၊ တံတားကမ်းကပ်ခုံနှင့်ရေလည်တိုင်များ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို မိုးမကျမီပြီးစီးအောင် ဆောင်ရွက်ရေး တာဝန်ရှိသူများသို့ မှာကြားခဲ့သည်။ ထိုမှတစ်ဆင့် ဟံဇားဘူတာနှင့်ရွာပုလဲဘူတာအကြား၌ ရထားလမ်း ကြံ့ခိုင်တောင့်တင်းရေးအတွက် Automatic Lining, Levelling and Tamping Machine-ALLTM စက်ယန္တရားကြီးဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှု့စစ်ဆေး၍ ဝန်ထမ်းများအား အားပေးခဲ့သည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်ဘူတာယာဒ်ဝင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ဘူတာအဆောက်အဦများ၊ ရထားသွားလာမှုထိန်းချုပ်သည့်မျှော်စင်တို့အား ကြည့်ရှုစစ်ဆေးပြီးနောက် ရထားပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ဤဘူတာမှ ရထားစီးကြမည့်ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ဦးစားပေးဆောင်ရွက်ကြ ရမည့် လုပ်ငန်းများကို ဌာနအချင်းချင်းညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်ကြရေး လမ်းညွှန်မှာကြား ပြီးနောက် နေပြည်တော်-သာစည်လမ်းပိုင်း၊ သာစည်-မန္တလေးလမ်းပိုင်းနှင့် သာစည် -ဘုရားငါးဆူ လမ်းပိုင်းတို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျ၊ ပျက်စီးသည့် ဘူတာများတွင် ယာယီဘူတာများအဖြစ် အသုံးပြုနိုင်ရေးအတွက် ထပ်မံလိုအပ်သည့် ရွက်ဖျင်တဲ ၁၈ လုံးတို့အားပေးအပ်ခြင်းနှင့် ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download