နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် ဥပ္ပါတသန္တိစေတီတော်ကြီး ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များလမ်းညွှန်မှာကြား


Ministry of Information/ Naypyitaw / April 24, 2025
image_latest


နေပြည်တော် ဧပြီ ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အမျိုးသားစာကြည့်တိုက် (နေပြည်တော်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများ ထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက် ခွဲခြား၍ စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်း၊ မှတ်တမ်းတင်ခြင်းများဖြင့် ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည်များကို ပြန်လည်ပြုပြင်ခြင်းများ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်များသည် ပညာလိုလားသူများအတွက် လွတ်လပ်စွာဖြင့် ပညာရှာမှီးနိုင်သည့် တက္ကသိုလ်တစ်မျိုးဖြစ်ပြီး အဖိုးတန်နေရာတစ်ခုဖြစ်ကြောင်း၊ စာကြည့်တိုက်အတွင်း နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကို ရေးသားဖော်ပြထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရှိရန်လိုကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်ကို နောင်လာနောက်သားတို့ အမှန်အတိုင်းသိရှိနိုင်ရန် လိုသည့်အတွက် မိမိတို့ တာဝန်ရှိသူများအနေဖြင့် အစဉ်အဆက်လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာကြည့်တိုက်ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များလိုက်ပါ၍ ဥပ္ပါတသန္တိစေတီတော်ကြီးရှိ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ကြီးရင်ပြင်တော် အချို့နေရာများတွင် ကွဲအက်ခြင်း၊ နိမ့်ကျခြင်းများဖြစ်ပေါ်ခဲ့မှု၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိက အဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျဖြင့် .အမြန်ဆုံးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများကို ဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များအနေဖြင့် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင် ရေးအတွက်လည်း နှိုးဆော်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်လှိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော်များအား အစာအာဟာရများ ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျတွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် ယခုငလျင်ဘေးဒဏ်ကြုံတွေ့ခဲ့ရချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ စေတီတော်ကြီးရင်ပြင်တော်အနေဖြင့် အချို့နေရာများတွင် ပြင်းထန်သောငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် ကွဲအက်ခြင်း၊ နိမ့်ကျခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး ထိခိုက်ပျက်စီးခဲ့ရမှုများကို နိုင်ငံတော်အနေဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

 

Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download