နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများအတွက် Steel Structure ယာယီအဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများအတွက် Steel Structure ယာယီအဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 26, 2025

နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးမြေဧရိယာအတွင်း၌ ငလျင်ဘေးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများနေထိုင်ရန်အတွက် ဝန်ကြီးဌာန အင်ဂျင်နီယာအဖွဲ့က ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်နေသည့် Steel Structure ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါ ယာယီအဆောက်အအုံများအတွင်း ဝန်ထမ်းများနေထိုင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုများအား ယာယီဖွင့်လှစ်ထားရှိသည့် သဘာဝဘေး ယာယီတည်းခိုရေးစခန်းများမှ Steel Structure ယာယီ အဆောက်အအုံများသို့ အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်ရေး၊ ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျ ဆောင်ရွက်သွားကြရန်၊ ယာယီအဆောက်အအုံများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ နေထိုင်စားသောက်မှုများကို ကျန်းမာရေးနှင့် ညီညွတ်စေရေး အလေးထား စီစဉ်ဆောင်ရွက် သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ပြီး ယာယီအဆောက်အအုံများ အတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်မှု၊ ယာယီအဆောက်အအုံများ ဆောက်လုပ် ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ရေချိုးခန်းနှင့်အိမ်သာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3144 items

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download