နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ


Ministry of Information/ Naypyitaw / June 29, 2025
image_latest


နေပြည်တော် ဇွန် ၂၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Baikal ရေကန်နှင့် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov နှင့် တာဝန်ရှိသူများလိုက်ပါ၍ Baikal ရေကန်အား ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထိုသို့ကြည့်ရှုလေ့လာစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက Baikal ရေကန်ဆိုင်ရာအချက်အလက်များနှင့် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Baikal ရေကန်အတွင်း ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ Baikal ရေကန်သည် ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း Irkutsk Oblast နှင့် ဘူရားတီးရားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တို့အကြားတွင်တည်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် အနက်ဆုံးရေကန်တစ်ခုဖြစ်ပြီး အနက် ၁,၆၄၂ မီတာ (၅,၃၈၇ ပေ)ရှိကြောင်း၊ ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်းသန်း ၃၀ ခန့်ကတည်းကတည်ရှိခဲ့သည့် ရှေးအကျဆုံး ရေချိုရေကန်တစ်ခုလည်းဖြစ်ကြောင်း၊ UNESCO မှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၉၆ ခုနှစ်တွင် စာရင်းသွင်းခဲ့ပြီး ရှားပါးသောအပင်မျိုးစိတ် ၁,၀၀၀ ခန့်နှင့် တိရစ္ဆာန်မျိုးစိတ်ပေါင်း ၂,၅၀၀ ခန့်ရှိသည့် ရေကန်တစ်ခုဖြစ်ကြောင်း၊ လခြမ်းပုံရှည်လျားသည့် ပုံသဏ္ဌာန်ရှိပြီး သဘာဝ၏အလှတရားနှင့် ထူးခြားသောအမွေအနှစ်တို့ဖြင့် ပြည့်နှက်လျက်ရှိသောရေကန်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံအကြီးအကဲ Zaborskikh Sergey Alexandrovich နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း ပြုပြင်ရေးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုလေ့လာကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။

ထို့နောက် စက်ရုံအကြီးအကဲနှင့် တာဝန်ရှိသူများက Ulan-Ude LVRZ မီးရထား စက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်မှု၊ နိုင်ငံတကာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးသည်။

အဆိုပါ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံသည် ၁၉၃၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သော စက်ရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုပါစက်ရုံသည် ကမ္ဘာလုံးဆိုင်ရာ မီးရထားဆက်စပ်ပစ္စည်းများပြုပြင်ခြင်းနှင့် အပိုပစ္စည်းများထုတ်လုပ်ခြင်းဆိုင်ရာ အကြီးစားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် Zheldorrem mash ကုမ္ပဏီ၏ လက်အောက်ခံစက်ရုံတစ်ရုံဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် မီးရထားစက်ခေါင်းပြုပြင်ခြင်းလုပ်ငန်း၊ စက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အပိုပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်းဟူ၍ ၃ ပိုင်းခွဲကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အဆိုပါစက်ရုံမှ ပြုပြင်မွမ်းမံရေးဆိုင်ရာ နည်းပညာအသစ်များအား အဆင့်မြှင့်တင်ခြင်း၊ မီးရထားစက်ခေါင်းများ၏ပျမ်းမျှ မောင်းနှင်နိုင်မှုကို ပြုပြင်မွမ်းမံခြင်း၊ အာမခံဝန်ဆောင်မှုပေးခြင်းနှင့် မီးရထားစက်ခေါင်းများ သက်တမ်းတိုးခြင်းနှင့် မီးရထားစက်ခေါင်းအဆင့်မြှင့်တင်ခြင်းဆိုင်ရာလုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံအကြီးအကဲနှင့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ Ulan-Ude LVRZ မီးရထားစက်ခေါင်းနှင့် ရထားတွဲပြုပြင်ရေးစက်ရုံကြည့်ရှုလေ့လာစဉ် Buryatia ပြည်နယ်မှ Arigus ၊ ATV ၊ Tivicom တို့အပါအဝင် ဒေသခံမီဒီယာများကလည်း လာရောက်သတင်းရယူခဲ့ကြသည်။

စက်ရုံအတွင်းလေ့လာမှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲတို့သည် အဆိုပါမီဒီယာမှ သိရှိလိုသည့် မြန်မာနိုင်ငံနှင့် Buryatia ပြည်နယ်အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုနည်းပညာ၊ ခရီးသွားကဏ္ဍ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3209 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download