နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / July 18, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၈

ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့်ခံတွင်းဆရာဝန် (သစ်လွင်) များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်းခန့်အပ်လွှာ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (ရန်ကုန်မြို့) ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆေးကောင်စီဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ ဆရာဝန် (သစ်လွင်) များနှင့် သွားနှင့် ခံတွင်းဆရာဝန် (သစ်လွင်) များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားကျင်းပမည့် မြန်မာကွန်ဗင်းရှင်းစင်တာသို့ရောက်ရှိကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) မှ ကျောင်းသူများက “မင်္ဂလာပါ” တေးသရုပ်ဖော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် အားပေးလျက်ရှိပြီး ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်ကို အားလုံးနားလည်ကြမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် အဓိကလိုအပ်သည်မှာ ကာယကံရှင်လူသားများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးအသိရှိမှုအပေါ်တွင် မူတည်သကဲ့သို့ လူသားတို့သည် သွေးနှင့် သားနှင့် ပတ်ဝန်းကျင်နှင့် နေထိုင်ကြရသည်ဖြစ်သည့်အတွက် ကျန်းမာရေးထိခိုက်မည့် သက်ရောက်မှုများ အနည်းနှင့်အများ ကြုံကြရမည်ဖြစ်ကြောင်း၊ ယင်းကိုဖြေရှင်းပေးရမည်မှာ ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အဓိကဖြစ်ပြီး လူသားများ သက်ရှည်ကျန်းမာရေးအတွက် ဆောင်ကြဉ်းပေးမည့်တာဝန်များ ထမ်းဆောင်ရန် မောင်တို့မယ်တို့ကို တာဝန်ပေးနိုင်ခြင်းအတွက် နိုင်ငံတော်ကိုယ်စား များစွာဝမ်းသာအားရရှိရသကဲ့သို့ မင်္ဂလာရှိသည့်နေ့ရက်တစ်ရက်ဖြစ်ကြောင်းကို ပြောလိုကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသည့် နိုင်ငံအသီးသီးက ပြည်သူများ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ကြီးမားစွာရိုက်ခတ်စေခဲ့သည့် ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးနှင့်အတူ လူမှုရေး၊ စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတို့ကို ကာကွယ်ထိန်းချုပ်တုံ့ပြန်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က အငြိမ်းစားပညာရှင်များအပါအဝင် ကျန်းမာရေးဆိုင်ရာပညာရှင်များ၊ နိုင်ငံအတွင်းရှိ စေတနာရှင်အဖွဲ့အစည်းများ၏ စွမ်းအားများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များတွင် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကို အထူးအလေးပေးစောင့်ရှောက်ပေးခဲ့သည်ကို တွေ့ရကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ရင်ဆိုင်ကြုံတွေ့ရသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသဘာဝဘေးနှင့် ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်း၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုသဘာဝဘေးတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်၊ မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့ကိုယ်တိုင်ငလျင်ဘေးဒဏ်ကို ခံစားရပြီး ဒုက္ခရောက်နေရသော်လည်း ငလျင်ဒဏ်ခံရသည့် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နေ့ရောညပါ ဆောင်ရွက်ပေးနိုင်ခဲ့ကြသည်ကိုတွေ့ရကြောင်း၊ ပြည်တွင်းပြည်ပဆေးကုသရေးအဖွဲ့များနှင့် ပူးပေါင်း၍ အရေးပေါ်ဆေးကုသရေးအဖွဲ့များ၊ အထူးကုဆေးအဖွဲ့များနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ ဖွဲ့စည်းကာ ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး ငလျင်ဒဏ်သင့်ပြည်သူများ၏ ကျန်းမာရေးကို စွမ်းစွမ်းတမံစောင့်ရှောက်နိုင်ခဲ့သည်ကိုလည်း ဂုဏ်ယူလေးစားဖွယ် တွေ့ရှိခဲ့ရ ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များမှ ဒုတိယအချက်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၊ နှီးနွှယ်ဆက်စပ်နေသည့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာရှင်ပရဟိတလူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်မှုစွမ်းအားများဖြင့် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရောဂါဖြစ်ပွားလာပါက အရည်အသွေးပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးလုပ်ငန်းများကို မိမိတို့နိုင်ငံ၏ အရင်းအမြစ်များအပေါ် မူတည်ပြီး ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည့်မူဝါဒများ၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ နေရာထိုင်ခင်းကောင်းမွန်စွာဖြင့် စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ရောဂါရှာဖွေခြင်းနှင့် အဆင့်မီ ဆေးကုပေးခြင်း၊ ဆေးဝါးများ၊ ခေတ်မီဆေးပစ္စည်းကိရိယာများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်က အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့ဆေးရုံများအနေဖြင့် အရေးပေါ်လူနာများ အချိန်ပြည့်လက်ခံကုသနိုင်ရေး စီမံထားရှိပြီး လူနာများကို တတ်နိုင်သမျှ ကုန်ကျစရိတ်မရှိစေဘဲ စိုက်ထုတ် သုံးစွဲရငွေ လျော့နည်းစေရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ “ဆေးရုံတိုင်း ဆရာဝန်ရှိရမည်” ဟူသည့်အတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သစ်လွင်ဆရာဝန်များအနေဖြင့် ယခုမိမိတို့တာဝန်ကျရာ ဆေးရုံများတွင် စတင်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် ဝမ်းသာအားရဖြစ်ရပါကြောင်းနှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

လူတိုင်းသည် သက်ရှည်ကျန်းမာလိုကြပြီး နိုင်ငံတစ်ခုတွင် မည်မျှသက်ရှည်ကျန်းမာကြသည်ကို မျှော်မှန်းသက်တမ်းကိုကြည့်၍ ပြောကြကြောင်း၊ မြန်မာနိုင်ငံရဲ့မျှော်မှန်းသက်တမ်းသည် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ၆၉ နှစ်ရှိကြောင်း၊ အာဆီယံနိုင်ငံများအနက် အဆင့် ၉ ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါကလည်း အဆင့် ၅ ဖြစ်ကြောင်း၊ မည်သည့်အားနည်းချက်ရှိနေသည်ကို သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသောက်နေထိုင်ခြင်း၊ ကာကွယ်ဆေးများ ထိုးခြင်း၊ သေနှုန်းများ ချိန်ဆသုံးသပ်ခြင်း စသည်ဖြင့် ကျန်းမာရေးရှုထောင့်အရ ဆောင်ရွက်သင့်သည်များကို ရောက်ရှိတာဝန်ထမ်းဆောင်သည့်ဒေသများတွင် အလေးထားဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း။

ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးနှင့် မျှော်မှန်းသက်တမ်း မြင့်မားလာစေရေးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ လုံလုံလောက်လောက် လေ့ကျင့်မွေးထုတ်ပြီး တာဝန်ပေးရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အရည်အချင်းပြည့်ဝသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက်သက်ဆိုင်ရာတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် တိုင်းရင်းဆေးတက္ကသိုလ်အပါအဝင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းစသည့် တက္ကသိုလ်နှင့် ကျောင်း (၅၃) ခုကို ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို လိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး သင်ကြားပေးလျက်ရှိကြောင်း။

ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း ဆေးပညာရှင်ဆရာဝန်များကို ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန် Naypyitaw State Academy တွင် Medical Faculty ကို ၂၀၂၃ ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ်ပြီး နှစ်စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယခုအခါ ဆေးပညာကျောင်းသား၊ ကျောင်းသူ (၁၀၀) ဦး တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း။

မောင်မယ်တို့အနေဖြင့် မိမိတို့၏အလုပ်သင်သက်တမ်းကာလ အောင်မြင်ပြီးမြောက်ပြီးသည့်နောက်တွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုကို တစ်တပ်တစ်အား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် အလုပ်ဝင်ရောက်ကြသည်ကို အထူးပင်အားရဝမ်းသာဖြစ်မိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရမည်ဖြစ်ပြီး မောင်တို့မယ်တို့အပါအဝင် ယင်းအင်အားများသည် ကျန်းမာရေး ကဏ္ဍအတွက် မျိုးဆက်သစ်၊ အင်အားသစ်များပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဆေးရုံအသီးသီးနှင့် ကျန်းမာရေးကဏ္ဍအသီးသီးတွင် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ကြရဦးမည်ဖြစ်ကြောင်း၊ အရေအတွက်သာမက အရည်အချင်းနှင့် အဖက်ဖက်မှပြည့်စုံသည့် ဆေးပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများဖြစ်အောင် ကြိုးစားလေ့ကျင့်ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။

မောင်တို့မယ်တို့သည် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီးစသည့် မြို့ကြီးများ၌ ဆေးဘက်ပညာများ သင်ကြားခဲ့သူများဖြစ်သဖြင့် ဖွံ့ဖြိုးမှုအတွေ့အကြုံများစွာ ရရှိခဲ့သူများဖြစ်ကြောင်း၊ ကောင်းမွန်သည့် ဖွံ့ဖြိုးမှုအတွေ့အကြုံများကို ရောက်ရှိတာဝန်ထမ်းဆောင်သည့် မြို့၊ ဒေသများ၌ ပြန့်ပွားမျှဝေဆောင်ရွက်နိုင်ရေးလည်း တတ်စွမ်းသမျှ လုပ်ဆောင်ပေးစေလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည်ကို ဦးထိပ်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူလူထု၏ ကိုယ်ပိုင်ငွေကြေးကုန်ကျရမှုသက်သာစွာဖြင့် ရရှိစေရေး အစွမ်းကုန်ကြိုးစားအားထုတ်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၏ ပြန်တမ်းဝင်အရာရှိများအဖြစ် ယနေ့ခန့်အပ်မည့် မောင်တို့မယ်တို့အနေဖြင့် တာဝန်ကျရာ ဆေးရုံများ၌ ပြည်သူများကို ကိုယ်စွမ်းဉာဏ်စွမ်းအပြည့်ဖြင့် ကုသစောင့်ရှောက်မှုပေးပြီး နိုင်ငံ့အကျိုးပြုကျန်းမာရေးဝန်ထမ်းကောင်းများ ဖြစ်ကြစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးတက္ကသိုလ် ၄ ခုမှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိခန့်လွှာများ ပေးအပ်ရာ တက္ကသိုလ်တစ်ခုချင်းစီလိုက် ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက ဆေးတက္ကသိုလ်နှစ်ခုနှင့် သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင် အရာရှိခန့်လွှာများ ပေးအပ်ရာ တက္ကသိုလ်တစ်ခုချင်းစီလိုက် ကိုယ်စားလှယ်များက လက်ခံရ ယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များမှတ်တမ်း Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူများက “ပေါင်းစည်းနေမည် ထာဝရမြန်မာပြည်” တေးသရုပ်ဖော်သီချင်းဖြင့်လည်းကောင်း၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများက “ပေါင်းစည်းခြင်းမှ အောင်မြင်ခြင်းဆီသို့” တေးသရုပ်ဖော်တေးသီချင်းဖြင့်လည်းကောင်း ဖြေဖျော်တင်ဆက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးခြင်းနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3536 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download