နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း မိုးစပါး ယူရီးယားဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းအခမ်းအနား တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း မိုးစပါး ယူရီးယားဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / July 30, 2025

လွိုင်ကော် ဇူလိုင် ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့က လွိုင်ကော်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက် အခြေခံစားသောက်ကုန်များ ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အဆိုပါပေးအပ်ပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များကိုပေးအပ်ကြ၍ တက်ရောက်လာသူများက လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များကိုတင်ပြကြရာ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင် မည့်အခြေအနေကို ပြန်လည်ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းသို့သွားရောက်ပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲတက်ရောက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ယခုသင်တန်းကျောင်းအား အထူးသဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏စေတနာကိုနားလည်ပြီး ကျေးဇူးသစ္စာစောင့်သိရိုသေကာ အလုပ်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည်ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားကာ ကျောင်းသားကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာကြည့်တိုက်နှင့်ရိက္ခာသိုလှောင်ရုံများကိုလည်းကောင်း၊ နေ့စဉ်အာဟာရ ပြည့်ဝစွာကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ထားသည့် ဥစားကြက်မွေးမြူရေးခြံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့သည့် ထေးသမရပ်ကွက်ရှိ ရိုးရာတံခွန်တိုင်ခန်းမကြီးအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ခန်းမကြီးနှင့် အခြားခန်းမဆောင်များ ပြန်လည်ပြုပြင်ရမည့်အခြေအနေနှင့် တံခွန်တိုင်ကွင်းအတွင်း ရိုးရာပွဲတော်များ ပြန်လည်ကျင်းပနိုင် ရေး ဆောင်ရွက်ရမည့်အခြေအနေများကို မှာကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်သည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ခုတင် (၅၀၀) ဆံ့ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံကြီးဆေးပဒေသာပင် ရန်ပုံငွေနှင့်ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြကာဆေးရုံ၌ တက်ရောက်ဆေးကုသနေသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေး၍ အာဟာရ ဖြည့်စွက်စာများပေးအပ်သည်။
ဆက်လက်၍ လွိုင်ကော်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နွယ်သာကီခန်းမ၌ ဆရာဆရာမများ၊ စိုက်ပျိုးမွေးမြူရေးကျောင်း(ချိကယ်)မှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား စားသောက်ဖွယ်ရာများပေးအပ်၍ စာသင်ဆောင်များပြုပြင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာစာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများအား ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ခရစ်ယာန် ဘုရားကျောင်းများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် နွားလဝိုးကျေးရွာအုပ်စု နွားလဝိုးရွာမကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးယူရီးယား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ခြင်းနှင့် သက်သာသောနှုန်းဖြင့် ရောင်းချပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကာ ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး နွားလဝိုးရွာမနှင့် ထီရိ ကျေးရွာတို့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများကို ပေးအပ်သည်။
ယင်းနောက် နွားလဝိုးရွာမ ကွင်းအမှတ် (၁၂၆) တောင်သူ ဦးစိုးရွှေ၏ မိုးစပါးစံပြစိုက်ခင်းအတွင်း ယူရီးယားဓာတ်မြေသြဇာများ စုပေါင်းကြဲပက်နေမှုနှင့် တောင်သူများအား ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးနှင့် အသီး၊ အရွက်၊ အပင်သန်ဆေးများ စနစ်တကျသုံးစွဲနိုင်ရန် သရုပ်ပြရှင်းလင်းခြင်းကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူ များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ၃၃/ ၁၁ ကေဗွီ ၅ အမ်ဗွီအေကယန်း သာယာဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ မြို့ပြပိုင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်တည်ဆောက် နေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကယန်းသာယာဓာတ်အားခွဲရုံပြုပြင်ပြီးစီးပါက လွိုင်ကော်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများ၊ လွိုင်လင်လေးမြို့ လွိုင်ကော်စက်မှုဇုန်နှင့် လွိုင်ကော်-မိုးဗြဲလမ်းပိုင်းရှိ ထီရိ၊ ကုန်းသာ၊ ဆောင်ကန်း၊ ဝါရီကောခူ၊ ပီကင်းကောခူကျေးရွာတို့နှင့် ထိုမှတစ်ဆင့် မိုးဗြဲသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3240 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
