နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၈
နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မတီဝင်များဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အကောင်အထည်ဖော်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာနှင့် အာဆီယံဒေသတွင်း တိုးတက်များပြားလာသည့် ကုန်သွယ်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက်လည်းကောင်း၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့၏ ပြန်လည်သုံးသပ်ပြင်ဆင်ထားသော ကျိုတိုသဘောတူညီချက်၏ အထွေထွေနောက်ဆက်တွဲပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးသဘောတူညီချက်နှင့် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူညီချက်များအရလည်းကောင်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ချိတ်ဆက်ဆောင်ရွက်
နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ်ကို ၂၀၂၈ ခုနှစ်တွင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်ပြတင်းတစ်ပေါက်စနစ် တည်ထောင်နိုင်ရေးအတွက် လိုအပ်သော ရန်ပုံငွေခွင့်ပြုချက်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပြီး စနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာနှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် ပါဝင်သည့်ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာဆောင်ရွက်ကြရန် ပြောကြားသည်။
ဆွေးနွေးတင်ပြ
ထို့နောက် ကော်မတီအတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က နိုင်ငံတော်အဆင့် ပြတင်းတစ်ပေါက်စနစ် အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းစဉ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ဦးမင်းမင်းက ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရေးဆိုင်ရာ သဘောတူညီချက် Article (10.4) နှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ငွေကြေး၊ ဘဏ်လုပ်ငန်းနှင့် ကုန်သွယ်မှုအတွက်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် သက်ဆိုင်ရာဌာနများမှ ကော်မတီအဖွဲ့ဝင်များက ဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်များ မှန်ကန်မှုနှင့် လုံခြုံမှုရှိရေးဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ စနစ်အကောင်အထည်ဖော်ရေးတွင် ကုမ္ပဏီများ ပါဝင်ဆောင်ရွက်လာခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြင့်လာနိုင်မှု အခြေအနေများ၊ အဓိက ပို့ကုန်၊ သွင်းကုန်များဖြစ်သော စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်များဆိုင်ရာ ပိုးမွှားကင်းစင်ရေး (Technical Barriers to Trade - TBT နှင့် Sanitary and Phytosanitary (SPS) measures) ဆိုင်ရာကိစ္စရပ်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု (Food and Drug Administration – FDA) စသည်တို့နှင့် စပ်လျဉ်း၍ နည်းပညာအသုံးပြုဆောင်ရွက်နေသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3406 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
