နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


Ministry of Information/ Naypyitaw / October 18, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၁၈

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကိုကိုးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကိုကိုးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကိုကိုးကျွန်းမြို့နှင့် သွားလာ ဆက်သွယ်မှုအဆင်ပြေစေရေးအတွက် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် သင်္ဘောကြီးများ ဆိုက်ကပ်ရပ်နားနိုင်သည့် ဆိပ်ခံတံတားကို တည်ဆောက်ပေးခဲ့ပြီး ယခင်ကထက် များစွာတိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ ကိုကိုးကျွန်းသည် မိမိတို့နိုင်ငံအတွက် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိသောကြောင့် ကိုကိုးကျွန်းတပ်နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုဝင်များအနေဖြင့်လည်း အမြဲလုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်လိုကြောင်း။

တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်သည့်အဖွဲ့အစည်းဖြစ်ပြီး အဆင့်အလိုက် တာဝန်ထမ်းဆောင်နေကြသူများအားလုံးက ကာကွယ်ရေးအမြင်များရှိရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကြိုတင်လေ့ကျင့်ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေရန်လိုပြီး ကျန်းမာကြံ့ခိုင်နေရန်၊ ရဲစွမ်းသတ္တိရှိရန်နှင့် ကျွမ်းကျင်မှုများရှိရန် ဆောင်ရွက်ပြီး အမြဲ Combat Ready ဖြစ်စေရေး ဆောင်ရွက်နေရန်လိုကြောင်း။

ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် တပ်မတော်သားတစ်ဦး နေ့စဉ်ဆောင်ရွက်ရမည့် ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်းများအကို အမြဲဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိရှိရန်အတွက် မြန်မာ့ရိုးရာသိုင်း၊ လက်ဝှေ့နှင့် အခြားကိုယ်ခံပညာရပ်များကို အမြဲလေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ ရဲစွမ်းသတ္တိရှိခြင်းဆိုသည်မှာ အများအကျိုးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို သတ္တိရှိစွာဖြင့် ပြတ်ပြတ်သားသားတာဝန်ထမ်းဆောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရဲစွမ်းသတ္တိရှိစေရး မိမိကိုယ်ကို လေ့ကျင့်နေရန်လိုကြောင်း၊ ကျွမ်းကျင်မှုနှင့်ပတ်သက်၍ မိမိတို့ကိုင်တွယ်အသုံးပြုရသည့် လက်နက်ခဲယမ်းများ ကိုကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အသုံးပြုနိုင်ရေးနှင့် အမြဲအသင့်ဖြစ်နေစေရေး စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း။

အလားတူ နေ့စဉ်ဆောင်ရွက်နေရသည့် ဦး၊ ရေး၊ ထောက်ဆိုင်ရာ ရုံးလုပ်ငန်းတာဝန်များကိုလည်း အမြဲစနစ်တကျဆောင်ရွက်နေမည်ဆိုပါက စည်းကမ်းကောင်းမွန်သည့် တပ်များဖြစ်လာမည်ဖြစ်ကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများကိုမပျက်မကွက် လုပ်ဆောင်နေမည်ဆိုပါက အရည်အချင်းရှိသည့်တပ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် Check ၊ Recheck ၊ Counter Check ဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ကြပ်မတ်ကွပ်ကဲရသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုသကဲ့သို့ လိုက်ပါဆောင်ရွက်ရသူများအနေဖြင့်လည်း စည်းကမ်းစနစ်တကျဖြင့် လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်များ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများ မဆုံးရှုံးစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးနေရန်လိုကြောင်း။

မိမိတို့၏ ကျန်းမာရေးနှင့် လူမှုဘဝကိုထိခိုက်စေနိုင်သည့် အရက်သေစာသောက်စားခြင်းများနှင့် အပျော်အပါးလိုက်စားခြင်းများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုကြောင်း၊ အသုံးအစွဲချွေတာသုံးခြင်းဖြင့် မိမိတို့၏ဝင်ငွေနှင့် ထွက်ငွေများ မျှတအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကို များစွာအထောက်အကူပြုစေနိုင်သဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ အားကစားပြိုင်ပွဲများ၊ ကြံ့ခိုင်ရေးပြိုင်ပွဲများ၊ သဲသောင်ပြင်အပြေးပြိုင်ပွဲများ ကျင်းပခြင်း၊ ရုပ်ရှင်များပြသခြင်း၊ ရာသီအလိုက် ပွဲတော်များ ကျင်းပပေးခြင်းများကို ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည် မိသားစုများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးရန်လိုကြောင်း။

နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် နိုင်ငံတော်၏အခြေအနေအရ ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံတော်၏ တာဝန်ကိုယူခဲ့ရကြောင်း၊ ရွေးကောက်ပွဲကိုလည်း မကြာမီအချိန်အတွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲများ ပေးရာတွင်လည်း မိမိတို့ဒေသနှင့် နိုင်ငံ၏အကျိုးကိုအမှန်တကယ်လိုက်နာစောင့်ထိန်းနိုင်သည့်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအမြင်ရှိသူကို ရွေးချယ်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံတစ်ခုကို တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်ပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အရာရှိ၊ စစ်သည်မိသားစုများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။

မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝစေရေး နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးခြေအနေအရ တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့အားလပ်သည့်အချိန်များတွင် စာပေဖတ်ရှုလေ့လာခြင်းများကို ဆောင်ရွက်ကြစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်စေရေး အထောက်အကူပြုစေဖြစ်ကြောင်း၊ စာပေများဖတ်ရှု လေ့လာပြီး အသိပညာအတတ်ပညာများ တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးရန်ပုံငွေများကိုလည်းကောင်း ပေးအပ်ရာ ရေတပ်ဌာနချုပ်မှူးနှင့် ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နွားမွေးမြူရေးခြံအတွင်း ဒေသနွားများ မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျွန်းပတ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြပြီး ဗျိုင်းကျွန်းနှင့် ဂျယ်ရီကျွန်းဆက်လမ်း ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးကျွန်းပေါ်ရှိ မြေလွတ်နေရာများ၌ မျိုးကောင်းသည့် အုန်းပင်များအား စနစ်တကျဖြင့် အကွက်ချစိုက်ပျိုးရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပင်လယ်ရေမှ စိုက်ပျိုးရေထုတ်ယူသုံးစွဲနိုင်ရေး သုတေသနပြုဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်မျာသည် နယ်မြေခံရေတပ်စခန်းဌာနချုပ် ကိုကိုးစိုက်ပျိုးရေးခြံသို့ ရောက်ရှိကြပြီး ကိုကိုးပင်များ ရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကိုကိုးပင်များ အားယခုထက်ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန်၊ ထိုမှတစ်ဆင့် မြေနိမ့်ကော်ဖီကို စမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3322 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 16, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download