နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ရှိ အထူးကုသမှုစင်တာတို့၌ ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး၍ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 15, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ အထူးကုသမှုစင်တာတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ ရောက်ရှိကြရာ ဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ အားလိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှုအခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဆေးရုံများနှင့် ဆေးရုံဝန်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ဆေးရုံတပ်မှူးများက လက်ခံရယူကြသည်။

အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (ခုတင်-၃၀၀) သို့ သွားရောက်၍ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် ဆေးရုံရှိထာဝရဆေးပဒေသာပင်အတွက် အလှူငွေများ လှူဒါန်းရာ ဆေးရုံတပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်းပိုင်း) ရှိ မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အိမ်ရာတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်လျက်ရှိမှု၊ အိမ်ရာဆောက်လုပ်ပြီးစီး အပေါ်မူတည်၍ စစ်မှုထမ်းဟောင်းများအား ဦးစားပေးရွေးချယ်မှုဖြင့် နေရာချထားပေးမှုနှင့် ဆက်လက်နေရာချထားပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် ကျောက်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအတွက် ဆောင်ရွက်နေမှုနှင့် ရေစီးရေလာကောင်းမွန်စေရေး ကျောက်စီရေမြောင်းတည်ဆောက်နေမှု၊ အိမ်ရာအနီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ဈေး၊ ပန်းခြံ၊ အားကစားကွင်းများနှင့် ကလေးကစားကွင်းများ တည်ဆောက်ရန် မြေနေရာလျာထားမှု၊ ရေနှင့် လျှပ်စစ်မီးပိုင်းဆိုင်ရာလိုအပ်ချက်များနှင့် လုံလောက်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အိမ်ရာဝန်းအတွင်းရှိ လမ်းများတွင် မိုးတွင်းကာလရေများ တင်ကျန်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ အိမ်ရာအတွင်း နေထိုင်ကြသူများ၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် နေထိုင်စားသောက်မှု၊ သွားလာရေးနှင့် အခြားအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရေးစီမံဆောင်ရွက်သွားရန်၊ မြန်မာ့သားကောင်း အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) တွင် နေထိုင်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းရှိ ဆောက်လုပ်ပြီးစီးသည့် အဆောက်အဦများနှင့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် တိုက်ခန်းများကိုလည်းကောင်း၊ အဆိုပါအိမ်ရာအတွင်း ဥစားကြက်များကို အလုံပိတ်အအေးပေးစနစ် (Evaporated Fully Automatic System) ဖြင့် ဥစားကြက်ကောင်ရေ (၃၅၀) စတင်မွေးမြူထားရှိမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းရှိ ဖွင့်လှစ်ထားသည့် မူကြိုကျောင်း၌ ကလေးငယ်များကို အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ အိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အိမ်ရာတွင်နေထိုင်လျက်ရှိသည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖွဲ့ဝင်များသည် မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အနီး ဘုရင့်နောင်လမ်းနှင့် အမှတ် (၇) လမ်းထောင့်နေရာတွင် တည်ဆောက်လျက်ရှိသည့် Shopping Complex လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီမံကိန်းအကောင်အထည်ပေါ်ပေါက်ခဲ့မှု၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းတွင်ပါဝင်သည့် အချက်အလက်များ၊ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ (QC) ဖွဲ့စည်းထားရှိမှု၊ မီးနှင့်ရေ ရရှိရေးဆောင်ရွက်ထားရှိမှု၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးရေးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့် အဆောက်အအုံများ စစ်ဆေးရာတွင် သဘာဝဘေးဒဏ်နှင့် ပတ်သက်၍ ခံနိုင်ရည်ရှိရန်အတွက် မျက်မြင်စစ်ဆေးခြင်းမဟုတ်ဘဲ ခံနိုင်ရည်စစ်ဆေးသည့် ခေတ်မီနည်းပညာကိရိယာများဖြင့် တိုင်းတာစစ်ဆေးသွားရန် လိုအပ်မှုအခြေအနေများ၊ Shopping Complex ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ကြီးမြန်သစ်ပင်များ၊ အရိပ်ရလေကာပင်များကို ယခုကတည်းကပင် စနစ်တကျစိုက်ပျိုးသွားနိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားရန်၊ စားသောက်ဆိုင်များ စွန့်ပစ်သည့် ရေဆိုးများနှင့် စားကြွင်းစားကျန်များကို စနစ်တကျစွန့်ပစ်ရေး စီမံဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားပြီး Shopping Complex ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3381 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download