နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၇
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ရှိ တပ်နယ်ခန်းမ၌ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပူတာအိုတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအမှာ စကားပြောကြားရာတွင် မိမိတို့တပ်မတော်သားများသည် သစ္စာ ၄ ချက်ကို နေ့စဉ်ရွတ်ဆိုနေကြသူများ ဖြစ်သည့်အတွက် သစ္စာ ၄ ချက်အပေါ်တွင် သစ္စာစောင့်သိ၊ သစ္စာရှိရန်လိုကြောင်း၊ မိမိနိုင်ငံအပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများ အပေါ်တွင် သစ္စာစောင့်သိသွားကြရန် လိုကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လေထု၊ မြေထု၊ ရေထုများကို တစ်လက်မမျှကျူးကျော်မှုမရှိစေရေး ကာကွယ်ပေးရန်မှာ မိမိတို့တာဝန်ဖြစ်ကြောင်း။
ထိုသို့ ကာကွယ်နိုင်ရန်အတွက် တပ်မတော်အနေဖြင့် အင်အားတောင့်တင်းပြီး စွမ်းရည်သုံးရပ်ပြည့်စုံနေရန်လိုကြောင်း၊ တစ်ဦးချင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် သင်ယူထားသော စစ်ပညာများကို ကြံရည်ဖန်ရည်ဖြင့် အသုံးချနိုင်ရန်လိုအပ်ပြီး စစ်မြေပြင်တွင် တစ်ဦးချင်း၏ တိုက်ပွဲစွမ်းရည်ကို ဟန်ချက်ညီပေါင်းစပ်၍ အဖွဲ့အစည်း၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း။
ထိုသို့ ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားထားသည့် စစ်ပညာများကို ကျွမ်းကျင်အောင်လေ့ကျင့်နေရန်နှင့် ပြောင်းလဲတိုးတက်နေသည့် စစ်နည်းဗျူဟာများကိုလည်း အမြဲမပြတ်လေ့လာနေရန် လိုအပ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှ တိုက်ပွဲဝင်နိုင် မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့အကြိမ်ကြိမ် အဖန်ဖန်လေ့ကျင့်မှသာ ကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကို ယုံကြည်မှုရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် ရဲသုံးရဲဖြင့် အောင်ပွဲခံနိုင်မည် ဖြစ်ကြောင်း၊ လေ့ကျင့်ရာတွင်လည်း တစ်ဦးချင်းသာမက အဖွဲ့လိုက်ပါလေ့ကျင့်နိုင်ရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ရန်လိုအပ်ပြီး အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေး သတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည်ဆိုသည့် “မြဲ(၃)မြဲ”နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း။
သင့်လေးသင့်ကိုလိုက်နာ
အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၏ စားဝတ်နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများကို တာဝန်ရှိသူများ အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်၊ ညီညွတ်မျှတစွာ အုပ်ချုပ်ကွပ်ကဲကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်နှင့် ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့် သက်သာချောင်ချိရေးကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့်အောက် အပြန်အလှန်လေးစားယုံကြည်မှုရှိပြီး စိတ်အေးချမ်းသာစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြဲလမ်းညွှန် မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းရွက်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေး ပြည့်ဝခိုင်မာနေရန်အထူးလိုအပ်ကြောင်း။
မကြာမီ ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် မဲမသမာ မှုများပြုလုပ်၍ မရနိုင်သည့် ဒစ်ဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယင်းစနစ်ကို နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲများတွင် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေး နိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက် လုံခြုံရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊၊
ဦးဆောင်ဦးရွက်ပြုလုပ်နိုင်သူများကို ရွေးချယ်
မဲပေးရာတွင်လည်း မဲပေးမည့်ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူ ကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းလိုက်နာမည့်သူ၊ မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကို ဦးဆောင်ဦးရွက် ပြုလုပ်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း။
ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေသည် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပြီး လူဦးရေ ၅၁ သန်းတွင် ကျောင်းနေအရွယ်များကို ကြည့်မည်ဆိုပါက ကလေးငယ် ၁၀ ဦးလျှင် ၉ ဦး သည် ကျောင်းတက်လျက်ရှိကာ ၉၀ ရာခိုင်နှုန်းဖြစ် ကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၀ နှစ်မှ ၁၄ နှစ်တွင် ၉၄ ဒသမ ၈ ရာခိုင်နှုန်းတွေ့ရှိရကြောင်း၊ ကျောင်းနေအရွယ် အသက် ၁၅ နှစ်မှ ၁၉ နှစ် အခြေခံ ပညာအဆင့်တွင် ၄၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အသက် ၂၀ နှစ်မှ ၂၄ နှစ် တက္ကသိုလ်အဆင့်တွင် ၁၅ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရှိရပြီး အသက် ၂၅ နှစ် အထက်တွင် မရှိသလောက် နည်းပါးကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် များစွာအားနည်းမှုရှိနေသည့်အတွက် မိမိတို့တပ်နယ်အတွင်း မိသားစုဝင်များ၏ သားသမီးများ တန်းစဉ် ကူးပြောင်းမှုတွင် အားလုံးပါဝင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ၂၀၂၆ ခုနှစ် မတ်လတွင် ကျင်းပတော့မည့် Grade-12 စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် တပ်နယ်မှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများနှင့် မိဘများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3383 items
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
