နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / September 15, 2025

နေပြည်တော် စက်တင်ဘာ ၁၅
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် လျှိုကျိုးမြို့ရှိ လျှိုကျိုးစက်မှုပြတိုက်နှင့် SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် မြန်နှုန်းမြင့်ရထားဖြင့် နန်နင်းမြို့မှ လျှိုကျိုးမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ လျှိုကျိုးစက်မှုပြတိုက်သို့ရောက်ရှိကြကာ လျှိုကျိုးမြို့ CPC ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန် Mr. Zhang Zhuang နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြတိုက်ဒုတိယတာဝန်ခံက ပြတိုက်အတွင်းရှိ လျှိုကျိုးစက်မှုသမိုင်းကြောင်းပြခန်း၊ ဂေဟဗေဒဆိုင်ရာပြခန်းနှင့် လုပ်ငန်းများပြခန်းတို့တွင် ခင်းကျင်းပြသထားသော ၁၉၀၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည့် ထင်ရှားသော ရှေးဟောင်းစက်မှုပစ္စည်းများ၊ ယခုခေတ်ကာလအထိ စက်မှုလုပ်ငန်းတိုးတက်မှုအဆင့်ဆင့်အခြေအနေများ၊ ခေတ်အဆက်ဆက် လျှိုကျိုးမြို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းဓာတ်ပုံများနှင့် အခြားပြခန်းတို့ကို ရှင်းလင်ပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လျှိုကျိုးမြို့ရှိ SAIC GM-Wuling Auto Co., Ltd ၏ ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိကြရာ ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာက ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၏ သမိုင်းကြောင်း၊ နှစ်အလိုက်ထုတ်လုပ်လျက်ရှိသည့် ကားအမျိုးအစားများ၊ ထုတ်လုပ်ပြီးကားများအား ဈေးကွက်အတွင်းရောင်းချပေးနေမှု၊ ၂၀၁၇ ခုနှစ်မှစတင်၍ EV မော်တော်ယာဉ်များ စတင်ထုတ်လုပ်နေမှုများ၊ AI Operations Center နှင့် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များ၏ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှုတို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3287 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 14, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download