နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒနှစ်(၃၀)ပြည့် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒနှစ်(၃၀)ပြည့် အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တာ့ခ်မင်နစ္စတန်နိုင်ငံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် သည် အက်ရှ်ဂါဘတ်မြို့ရှိ Monument of Neutrality ၌ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒနှစ် (၃၀) ပြည့်အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ဂုဏ်ပြုပါဝင်တက်ရောက်သည်။
အခမ်းအနားတွင် တာ့ခ်မင်နစ္စတန်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလံတင်အခမ်းအနားကို ဆောင်ရွက်ကြကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုကြပြီး အခမ်းအနားအစီအစဉ်များအလိုက် ဆောင်ရွက်ကြသည်။
တာ့ခ်မင်နစ္စတန်အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် တာ့ခ်မင်နစ္စတန်ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ကျင်းပသည့် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေမူဝါဒ နှစ် (၃၀) ပြည့်အထိမ်းအမှတ် ပြပွဲသို့တက်ရောက်၍ တာ့ခ်မင်နစ္စတန်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပြခန်းများ၊ ရိုးရာလက်မှုပညာ ပစ္စည်းများ၊ ဒစ်ဂျစ်တယ်စနစ်နှင့် AI နည်းပညာသုံးပြခန်းများ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းပြခန်းများနှင့် အက်ရှ်ဂါဘတ်မြင်းမျိုးများ၊ ဒေသရှိသိုး၊ ဆိတ်၊ နွားမျိုးစိတ်များထားရှိရာနေရာနှင့် တာ့ခ်မင်နစ္စတန် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
ညနေပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ H.E. Mr. Serdar Berdimuhamedov နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာတွင် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
Newspaper - 3377 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
