နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပခြင်း
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကျင်းပခြင်း
Office of the Auditor General of the Union/ NPT / April 27, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သော ကတိသစ္စာပြုပွဲအခမ်းအနား ၊ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြား သည့် မိန့်ခွန်း၊ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် အမှာစကားပြောကြားခဲ့မှုများအရ အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ကာလများတွင်ဆက်လက် အကောင်အထည်ဖော်မည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့်ဒေသစာရင်းစစ်ရုံးများမှ ဝန်ထမ်း များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို၂၄-၄-၂၀၂၆ ခုနှစ်၊ နေ့လည် ၁:၀၀ နာရီတွင်နေပြည် တော်ရှိ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့သည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန် မှာကြားချက်များတွင် ပြည်ထောင်စု၏လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ တကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်း ရေးဆိုင်ရာ ကိစ္စရပ်များကို ဌာနအဖွဲ့အစည်းများကအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်ပြည်သူများနှင့် အတူ စည်းလုံးညီညွတ် စွာဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတိုးတက်ဖြစ်ပေါ်မှုကို အလေးထား ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကိုအခြေခံကာ ကုန်ထုတ်လုပ်မှု နှင့် ပို့ကုန်တိုးမြှင့်ရေး၊ ဒေသအလိုက်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးချရေးစသည်တို့ကို အားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြား ခဲ့ကြောင်း ထပ်ဆင့်ရှင်းလင်းခဲ့သည်။
လမ်းညွှန်မှာကြားချက်များအရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် လည်းကျရာ ကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ ရက် (၁၀၀) ကာလအတွင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးအစီရင်ခံတင်ပြခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျသင်ကြား လေ့ကျင့်ပေးခြင်း၊ နိုင်ငံတကာစံနှုန်း နှင့်အညီ ဖြစ်သည့် စစ်ဆေးရေး နည်းပညာရပ်များ သိရှိအသုံးချနိုင်ရေးအတွက် နိုင်ငံတကာ စာရင်းစစ် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် လျာထားအစီ အစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွား ရေး၊ ပညာရေး၊ လူမှုရေး၊ ငွေရေးကြေးရေး ကဏ္ဍစုံတိုးတက်ဖြစ်ပေါစေရေး ဆောင်ရွက်မှုများ အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် လည်း ရှေ့ကာလများတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ အောင်မြင်ပြီးမြောက်မှုရှိစေရေး အစီအမံများ ချမှတ်၍ တိုးမြှင့် ဆောင်ရွက်ရာတွင် တိုင်း ဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ နှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏အစဉ်အလာကောင်းများကိုဆက်လက်ထိန်းသိမ်း၍ စစ်ဆေး ရေးလုပ်ငန်းများကို နိုင်ငံတကာစစ်ဆေးရေးစံနှုန်းများ၊ စာရင်းစစ်ကျင့်ဝတ်သိက္ခာများနှင့်အညီ ဌာန အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုများပိုမို ကောင်းမွန်စေရေး၊ မလိုလား အပ်သော မသမာမှု၊ အလွဲသုံးစားမှုများ ကြိုတင် တားဆီးနိုင်စေရေး၊ ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များတွင် ကောင်းမွန်မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရေးတို့အတွက်စစ်ဆေးရေးအမျိုးအစား အလိုက် အပြုသဘောဆောင်သည့် အကြံပြုချက်များ ပေးနိုင်ရန်ပြည်ထောင်စုစာရင်း စစ်ချုပ်ဥပဒေပါ ပြဌာန်း ချက်များနှင့်အညီ လုပ်ငန်းတာဝန်များကို ဆက်လက် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြား ခဲ့သည်။
ဆက်လက်၍ ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင်က အစိုးရ၏ရက်( ၁၀၀)ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာ အချက်အလက် များကို ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း (၉၀၂) ဦး တက်ရောက်ခဲ့ကြ သည်။
Newspaper - 3508 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
