နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့


Ministry of Information/ Naypyitaw / November 24, 2025
image_latest


သဘာဝပတ်ဝန်းကျင်ဆိုသည်မှာ လူအပါအဝင် သက်ရှိဇီဝမျိုးစုံတို့ ပေါက်ဖွားပေါ်ထွန်းသည့်နေရာ၊ ရှင်သန်ကျက်စားကြသည့်နေရာ ဖြစ်သည်။ နေစကြဝဠာကြီးအတွင်း ရေ၊ မြေ၊ လေ၊ ရာသီဥတု၊ အပင်၊ ဇီဝပေါင်းစုံတို့နှင့် ရှင်သန်လှုပ်ရှားနေသည့် တစ်ခုတည်းသောဂြိုဟ်မှာ ဤမြေကမ္ဘာတစ်ခုတည်းသာရှိပြီး ကျန်ဂြိုဟ်များမှာ တိတ်ဆိတ်ခြောက်သွေ့လျက် သက်ရှိတို့ကင်းမဲ့နေသော ဂြိုဟ်များသာဖြစ်သည်။ ကမ္ဘာမှလွဲ၍ ကျန်ဂြိုဟ်များ၏ သဘာဝပတ်ဝန်းကျင်မှာ သက်ရှိသတ္တဝါများ ရှင်သန်နိုင်သည့်အခြေအနေမျိုးမရှိ။ သို့ဖြစ်ရာ ဤမြေကမ္ဘာ၏ သဘာဝပတ်ဝန်းကျင်သည် လူနှင့် အခြားသတ္တဝါတို့၏ အသက်ရှင်သန်နေထိုင်ရာ တစ်ခုတည်းသောနေရာဖြစ်သည့်အလျောက် မပျက်မစီးစေရန် စောင့်ရှောက်ကြရမည်ဖြစ်သည်။

နှစ်သန်းပေါင်း ၄၅၀၀ ခန့် သက်တမ်းရှိမည်ဟု ခန့်မှန်းထားသည့် ဤကမ္ဘာကြီးတွင် လူသားတို့ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း နှစ်သန်းခန့်သာရှိသေးသည်။ လွန်ခဲ့သည့် ထောင်စုနှစ် သုံး၊ လေးခုတွင်မှ ယဉ်ကျေးသောလူများဖြစ်လာကြပြီး ဉာဏ်ကြီးသည့်လူသားက အခြားသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးလာခဲ့ခြင်းဖြစ်သည်။ စက်မှု၊ သိပ္ပံနှင့် နည်းပညာတို့ တိုးတက်ထွန်းကားလာပြီး သဘာဝတရားကြီးကိုပါ ခြယ်လှယ်နိုင်သည့်စွမ်းအားကို လူသားတို့ ရရှိလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင်မှာ လူတို့၏ပယောဂကြောင့် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာသည်။

ကမ္ဘာကြီး၏ ပျမ်းမျှအပူချိန်သည် စက်မှုထွန်းကားသည့်ခေတ်မတိုင်မီကာလကထက် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ် မြင့်တက်လာခဲ့ပြီး အကျိုးဆက်အနေဖြင့် ကမ္ဘာ့ရာသီဥတုမှာလည်း လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးသော မုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ တောမီးလောင်ခြင်းဖြစ်စဉ်များ ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းများတွင် တွေ့ရှိနိုင်သည်။ ဤသို့ဖြစ်ရခြင်းသည် လူသားတို့၏ စက်မှုလုပ်ငန်းများ၊ စက်ယန္တရားများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားလုပ်ဆောင်မှုများက ကာဗွန်ဒိုင်အောက်ဆိုက် (co2) နှင့် အခြားဓာတ်ငွေ့များကို လေထုထဲသို့ ထုတ်လွှတ်ခြင်းကြောင့် ဖြစ်သည်။ ယင်းဓာတ်ငွေ့များကို မှန်လုံအိမ်ဓာတ်ငွေ့များ (Green-house Gases) ဟုခေါ်ပြီး ကမ္ဘာကြီးကို ပို၍ပူနွေးလာစေကာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။

သို့ဖြစ်ရာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လျော့ကျရေးအတွက် ကမ္ဘာ့လေထုအပူချိန်မြင့်တက်လာမှုကို လျှော့ချရန်လိုမည်ဖြစ်ပြီး ကမ္ဘာ့ လေထုအပူချိန်ကို လျှော့ချရန် မှန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျှော့ချသွားရမည်ဖြစ်သည်။ စက်မှုနိုင်ငံမဟုတ်သည့် မိမိတို့နိုင်ငံအနေဖြင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏမှာ လွန်စွာနည်းပါးလှပြီး တစ်နိုင်ငံလုံးထုတ်လွှတ်မှု၏ ၉၄ ဒသမ ၄၇ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ထုတ်လွှတ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မှန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် လွန်စွာနည်းပါးနေသေးသည်ဟု သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတော်အနေဖြင့် သစ်ပင်စိုက်ပျိုးပွဲများ နှစ်စဉ်ကျင်းပခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်း၊ သဘာဝသစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊ သစ်တောကြိုးဝိုင်းများ၊ ကာကွယ်တောများ တိုးချဲ့သတ်မှတ်ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့်အပြင် မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေပြီး မှန်လုံအိမ်ဓာတ်ငွေ့များထွက်ပေါ်စေသည့် လယ်ယာမြေမီးရှို့ခြင်း၊ တောင်ယာနှင့် တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းများ မပြုလုပ်ရန် အသိပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိသည်။

သို့ရာတွင် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများသည် ပြည်တွင်းဒေသအများအပြား၌ မတည်မငြိမ်ဖြစ်ပေါ်နေချိန်ကို အခွင့်ကောင်းယူပြီး နိုင်ငံတော်၏ သဘာဝသယံဇာတများကို စည်းကမ်းမဲ့စွာ အလွန်အကျွံထုတ်ယူခြင်း၊ ခိုးယူသယ်ဆောင်ရောင်းချခြင်းများ ပြုလုပ်နေကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သစ်ခိုးခြင်း၊ ရွှေမျောရွှေဖောင်များကို မြစ်ညာမြစ်ဝှမ်းဒေသများ၌ ပြုလုပ်ခြင်း၊ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ ကျောက်မျက်များ တူးဖော်ခြင်းတို့ကို ပရမ်းပတာပြုလုပ်ပြီး မဆင်မခြင်ပြုလုပ်စွန့်ပစ်နေကြခြင်းကြောင့် ရေချိုအရင်းအမြစ်များ ပျက်စီးခြင်း၊ အဆိပ် သင့်ခြင်း၊ မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်းတို့အပါအဝင် သဘာဝပတ်ဝန်းကျင်များကို အကြီးအကျယ်ထိခိုက်ပျက်စီးစေလျက်ရှိသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ သယံဇာတခိုးယူထုတ်လုပ်ရောင်းချမှုများက နိုင်ငံကို ဆုံးရှုံးမှုဖြစ်ပေါ်စေသည့်အပြင် ၎င်းတို့သက်ဆိုးရှည်ရေးအတွက်လည်းဖြစ်စေသည့်အလျောက် လုံးဝပပျောက်သည်အထိ တိုက်ဖျက်နှိမ်နင်းသွားရန်လိုအပ်ပြီး ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းကူညီတိုက်ဖျက်နှိမ်နင်းရန် လိုသည်။

မိမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို မပျက်မယွင်းရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဖြင့် စိမ်းလန်းသာယာစိုပြည်လှပသည့်နိုင်ငံအဖြစ် နိုင်ငံသူနိုင်ငံသားအားလုံးက ပါဝင်တည်ဆောက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3359 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download