နိုင်ငံတော်အနာဂတ်ပုံဖော်တည်ဆောက် ငြိမ်းချမ်းသောအရင်းအမြစ်များပျိုးထောင်


Ministry of Information/ Naypyitaw / January 14, 2026
image_latest


မျက်မှောက်ကမ္ဘာကြီးကို ပညာဖြင့်တည်ဆောက်နေကြသည်။ အသိဉာဏ်ပညာအဆင့်အတန်းမြင့်မားမှု အတိုင်းအတာအလျောက် နိုင်ငံများတိုးတက်မှုကို တွေ့နိုင်သည်။ လူ့ဘဝအားအသိဉာဏ်ပညာဖြင့် အစပြုပျိုးထောင် တည်ဆောက်ရသလို လူ့အသိုက်အဝန်းကိုလည်း ပညာဖြင့်သာဆောက်တည်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာဖြင့် အစပျိုးတည်ဆောက်လာရသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများမှာ တစ်စတစ်စမြင့်မားလာသည်ကို တွေ့နိုင်သည်။ နိုင်ငံအနာဂတ်အတွက် လူငယ်သာလျှင်ပဓာန၊ လူငယ်သာလျှင် အဓိကဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။

ကလေးသူငယ် လူငယ်လူရွယ်များအတွက် အဓိကတာဝန်မှာ ပညာသင်ကြားရေးဖြစ်သည်။ ပညာတတ်မှ မိမိဘဝ၊ မိမိနိုင်ငံကို တည်ဆောက်နိုင်မည်။ အသိဉာဏ်ပညာဆင်ခြင်တုံတရားပြည့်ဝသော ပညာတတ်များဖြင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီစနစ်ထွန်းကားရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝစေရန် နိုင်ငံတော်က ပညာရေးကဏ္ဍမြှင့်တင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အသိပညာဗဟုသုတများကြွယ်ဝရေး၊ ပိုမိုကောင်းမွန်သော နိုင်ငံအနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် လူငယ်လူရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် လူဦးရေ၏ သုံးပုံတစ်ပုံ (၃၃ ရာခိုင်နှုန်းခန့်)သည် လူငယ်လူရွယ်များဖြစ်ကြသည်။ မြန်မာနိုင်ငံသည် အားကောင်းသည့်လူငယ်လူရွယ်များ ဆုလာဘ်ကိုပိုင်ဆိုင်ထားသည်။ နိုင်ငံ၏ အနာဂတ်အကောင်းအဆိုးသည် လူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်များအပေါ်တွင် မူတည်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် လူငယ်လူရွယ်များကသာ ကောင်းမွေဆိုးမွေတို့ကို ဖန်တီးခဲ့ကြသည်ကို တွေ့ရမည်။ မျက်မှောက်ကာလမှသည် အနာဂတ်ကာလထိတိုင်လည်း လူငယ်လူရွယ်တို့ကသာ ပုံဖော်တည်ဆောက်ကြဦးမည်ဖြစ်သည်။

“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုရိုးစကားအတိုင်း တိုင်းပြည်အနာဂတ်ကို ကောင်းမွန်စွာတည်ဆောက်နိုင်မည့် ခေါင်းဆောင်များဖြစ်လာအောင် လူငယ်လူရွယ်များအား ပျိုးထောင်ပေးရမည်ဖြစ်သည်။ လူငယ်လူရွယ်များဘဝမှ ကြီးပြင်းလာသောလူကြီးများ ပုံဖော်ထုဆစ်သည့် နိုင်ငံတော်၏အကျိုးရလဒ်နှင့် ကောင်းမွေဆိုးမွေတို့ကို အနာဂတ်မျိုးဆက်လူငယ်လူရွယ်များက ဆက်လက်ခံစား ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် တိုင်းပြည်အတွက် အလိုအပ်ဆုံးသောအရာမှာ ငြိမ်းချမ်းရေးဖြစ်၍ ငြိမ်းချမ်းရေးကဏ္ဍတွင် လူငယ်လူရွယ်များပါဝင်လာနိုင်စေရန် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်တွင် ကျင်းပလျက်ရှိသည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံတော်တည်ဆောက်မှု အခန်းကဏ္ဍတိုင်းတွင်ပါဝင်၍ ရှေ့သို့ဆက်လက်တက်လှမ်းမည်ဆိုပါက နိုင်ငံအတွက် အင်အားတစ်ရပ်ဖြစ်လာမည်မှာ သေချာသည်။

လူငယ်လူရွယ်အားလုံး ငြိမ်းချမ်းရေးကိုလိုလားပါက၊ တန်ဖိုးထားပါက တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး သာယာဝပြောလာမည်မှာ မလွဲဧကန်အမှန်ဖြစ်မည်။ “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်နှင့်အညီ ကျင်းပနေသော လူငယ်ဖိုရမ်ကို ငြိမ်းချမ်းရေးနှင့် လူ့အသိုင်းအဝိုင်း တည်ဆောက်ရေးတွင် အားလုံးပါဝင်သည့် လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကိုပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများဖန်တီးပေးရန်၊ ငြိမ်းချမ်းသောအသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလများတွင် လူငယ်များ၏ လက်တွေ့ကျသည့် အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသည့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့၌ လူငယ်များ၏စွမ်းရည်များ ပိုမိုပါဝင်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့်အညီ လူငယ်များလှုပ်ရှားဆောင်ရွက်နေကြပြီဖြစ်သည်။

လူငယ်လူရွယ်များအနေဖြင့် ပညာတတ်ရေးအပြင် ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်လာကြသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။ လက်ရှိကာလ၌ လူငယ် လူရွယ်များအပေါ်တွင် အတိမ်းအစောင်းဖြစ်စေနိုင်သော၊ ထိလွယ်ရှလွယ်သောအခြေအနေများကို ရှောင်ရှားနိုင်ရန်အတွက် လူငယ်လူရွယ်များကို လမ်းမှန်တည့်မတ်ရေးသည် အရေးအကြီးဆုံးအခြေအနေဖြစ်သည်။ အထူးသဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်သော ငြိမ်းချမ်းရေးတွင် လူငယ်များ၏အမြင်များကိုမျှဝေရန်၊ အပြန်အလှန်ယုံကြည်မှုများခိုင်မြဲစေရန်နှင့် လူမှုသဟဇာတမြှင့်တင်ရန်တို့ကို ဖော်ဆောင်နေပြီဖြစ်၍ လူငယ်များစွမ်းပကားဖြင့် အနာဂတ်နိုင်ငံတော်ကို ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspaper - 3410 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 13, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 12, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download