နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်
နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်
Ministry of Information/ Naypyitaw / December 25, 2025
နေပြည်တော် ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ ဥပဒေပညာကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy သည် ကျောင်းသားဗဟိုပြုသင်ကြားမှုများ၊ Project အခြေပြုသင်ကြားမှုများနှင့် စာကြည့်တိုက်အခြေပြုသင်ကြားမှု နည်းလမ်းများကို အသုံးပြုသင်ကြားနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိ၏အရည်အသွေးများ တိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ပံ့ပိုးဖြည့်ဆည်း ပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် နိုင်ငံ့အကျိုးကိုဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်များကို မှန်ကန်စွာ ရွေးချယ်ဆန္ဒမဲပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ ဥပဒေပညာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများ၏ သင်ကြားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် project အခြေပြုသုတေသနစာတမ်းများ ရေးသားရာတွင် မတူညီသည့်ခေါင်းစဉ်များဖြစ်စေရန် စဉ်းစားတွေးခေါ်၍ ရေးသားကြစေလိုပါကြောင်း၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ကိုယ်တိုင်မဲပေးသည့် အတွေ့အကြုံရရှိနိုင်သည်သာမက လေ့လာသူများအဖြစ် မဲရုံများသို့သွားရောက်၍ ရွေးကောက်ပွဲအတွေ့အကြုံများ၊ နိုင်ငံရေးပါတီများ၏ ယှဉ်ပြိုင်မှုအတွေ့အကြုံများပေါ်တွင် အခြေခံ၍ ခေတ်နှင့်လျော်ညီသော သုတေသနစာတမ်းများ ပြုစုရေးသားနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားကာ ကျောင်းသား ကျောင်းသူများ စာတွေ့လက်တွေ့ သင်ယူနေမှုများကို ကြည့်ရှုအားပေး သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် နှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲနှင့် နှစ်သစ်ကူးထောက်ပံ့ငွေပေးအပ်ခြင်း၊ တစ်နှစ်အတွင်း ခွင့်ယူခဲ့ခြင်းမရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ငလျင်ကြောင့် ယာယီအဆောက်အအုံတွင် ခေတ္တနေထိုင်နေသည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးများ၊ တိုင်းပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3390 items
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
