နိုင်ငံတော်၏ GDP တိုးတက်လာမှ တိုင်းပြည်ဖွံ့ဖြိုးရေး ပိုမိုဆောင်ရွက်နိုင်
နိုင်ငံတော်၏ GDP တိုးတက်လာမှ တိုင်းပြည်ဖွံ့ဖြိုးရေး ပိုမိုဆောင်ရွက်နိုင်
Ministry of Information/ Naypyitaw / November 29, 2024
GDP သည် တိုင်းပြည်တစ်ပြည်၏ စီးပွားရေးထွက်ကုန်ရလဒ်ကို ကျယ်ပြန့်စွာ ပြသနိုင်သော အညွှန်းကိန်းတစ်ခုဖြစ်သည်။ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် GDP သည် နိုင်ငံ (တိုင်းပြည်/ နယ်နိမိတ်) တစ်ခု၌ သတ်မှတ်ထားသော အချိန်ကာလတစ်ရပ်အတွင်း ထုတ်လုပ်ပြီးစီးသမျှ အပြီးသတ်ကုန်စည်နှင့် ဝန်ဆောင်မှု၏ ငွေကြေးတန်ဖိုးဖြစ်သည်။ GDP သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ထင်ဟပ်နိုင်သည့် စီးပွားရေးအဆောက်အအုံအရွယ်အစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းကို ခန့်မှန်းရာတွင်သုံးသည်။
ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ GDP တိုးတက်လာလျှင် ထိုနိုင်ငံ၏ စီးပွားရေးလုပ်ဆောင်ချက်များ ပိုမိုကျယ်ပြန့်လာပြီး လုပ်သားအင်အားနှင့် စီးပွား ရေးလုပ်ငန်းများ ရလဒ်ကောင်းများပေါ်ထွက်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက မိမိနိုင်ငံ၏ GDP တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ GDP အရ ထိပ်ဆုံးရောက်နေသောနိုင်ငံသည် အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ၎င်းနောက်ကပ်၍ ဒုတိယလိုက်နေသောနိုင်ငံသည် တရုတ်နိုင်ငံဖြစ်သည်။ ကမ္ဘာ့ GDP အနိမ့်ဆုံးရောက်နေသောနိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ကျွန်းနိုင်ငံအများစုဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်ပြီး နိုင်ငံ၏ GDP တိုးတက်လာသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းစာလျှင် နိမ့်ကျနေသေးသည်။
မြန်မာနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် “နိုင်ငံတော်၏ GDP တိုးတက်လာမည်ဆိုပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍ ရနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် လျော့ပါးလျက်ရှိသည်ကိုတွေ့ရ၍ GDP တိုးတက်လာရေး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံ့ GDP တိုးတက်လာစေရန်အတွက် အဓိကမှာ ကုန်ထုတ်လုပ်မှု တိုးတက်ရန်လိုအပ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှု တိုးတက်လာရန်အတွက် အခြေခံကျသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန် စိုက်ပျိုးသီးနှံများ ပိုမိုထွက်ရှိတိုးတက်လာမည်ဆိုပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်သည်။ စက်မှုကဏ္ဍကြီး တိုးတက်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာမည်ဆိုပါက ဝန်ဆောင်မှုကဏ္ဍကြီးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ငွေကြေးစီးဆင်းမှုများပြားပြီး ဘဏ္ဍာရေးကဏ္ဍကြီး တိုးတက်လာမည် ဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အကြီးအကဲက မကြာခဏ ကွင်းဆင်းလမ်းညွှန်မှာကြားဖြည့်ဆည်းပေးလျက်ရှိသည်။ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်းသုံးသွယ်ဖြင့် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရေး၊ လိုအပ်သောသွင်းအားစုများ ပြည့်ပြည့်ဝဝရရှိရေး၊ စိုက်ပျိုးရေရရှိရေးအတွက် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်ရေစသည့် နည်းလမ်းလေးခုနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ပြီး အရည်အသွေးပြည့်မီသည့် ကုန်ချောပစ္စည်းများအဖြစ်ထုတ်လုပ်၍ ပြည်ပသို့ပါ တင်ပို့နိုင်မည်ဆိုပါက စီးပွားရေးပိုမိုကောင်းမွန်လာပြီး နိုင်ငံ့ GDP တိုးတက်လာကာ နိုင်ငံတော်အတွက် ဘဏ္ဍာငွေများ တိုးတက်ရရှိလာမည်ဖြစ်သည်။
စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် GDP တန်ဖိုးမြင့်မားလာပြီး နိုင်ငံ့ဘဏ္ဍာငွေ တောင့်တင်းခိုင်မာလာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေး၊ စီမံခန့်ခွဲရေး စသည့်ကဏ္ဍပေါင်းစုံကို ထိရောက်စွာဆောင်ရွက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်လာမည်။ နိုင်ငံအတွက် အသုံးစရိတ်များကို စနစ်တကျ ပိုမိုသုံးစွဲနိုင်ခြင်းသည် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှုအတွက် အထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ပေါ်ပေါက်လာခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိမည့်အပြင် ပုဂ္ဂလိကကဏ္ဍ၏ ဝယ်လိုအားတိုးတက်စေခြင်းစသည့် အကျိုးကျေးဇူးဖြစ်ထွန်းမှုများကိုလည်း ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ GDP တန်ဖိုးမြင့်မားတိုးတက်လာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည် တိုးတက်ကောင်းမွန်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့် စီးပွား ရေးအခြေအနေပြန်လည်နိုးထလာစေရန် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 2996 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download