နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာ
နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွားအတွက် နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာ
Ministry of Information/ Naypyitaw / February 09, 2025

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကြောင့် ဖြစ်ပေါ်လာသည့် ဒီမိုကရေစီလမ်းကြောင်းပျက်ယွင်းမှုကို ပြန်လည်တည့်မတ်ပေးနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီရေး၊ နိုင်ငံရေးကြောင့်ဖြစ်ပေါ်လာသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်မကြိုးစားဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်း ဖက်လမ်းစဉ်တို့ကို ရွေးချယ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်နှင့် အလှမ်းဝေးခြင်း စသည့်အဟန့်အတားများရှိနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေအလိုက် အာဏာရရှိရေး ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့တာဝန်စတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် NCA ပါသဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်နေသည်ကို တွေ့ရမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ကြိုတင်သတ်မှတ်ချက်မထားဘဲ လွတ်လပ်စွာ ပြောဆိုဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ စတင်ဖွဲ့စည်းချိန်မှ ယနေ့အချိန် အထိ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ခုနစ်ဖွဲ့၊ လက်မှတ်ရေးထိုးခြင်းမရှိသည့် အဖွဲ့ခြောက်ဖွဲ့တို့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအကြိမ်ပေါင်း ၁၁၄ ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့သည်။ နိုင်ငံရေးပါတီများနှင့် ၂၁ ကြိမ်၊ ငြိမ်းချမ်းရေးလိုလားသည့် အခြားအဖွဲ့အစည်းများနှင့် ၁၀ ကြိမ် တွေ့ဆုံဆွေးနွေး နိုင်ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများအရ လာမည့်လွှတ်တော်ကာလများတွင် အချို့ကိစ္စရပ်များကို လွှတ်တော်၌ ဆွေးနွေးနိုင်ရေးအတွက် သဘောတူညီချက်များရရှိထားပြီး သဘောတူညီမှုများ ပိုမိုရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ များစွာဆုံးရှုံးကြရသဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် ထပ်မံကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်” ဟု အတိအလင်းပြောကြားထားသလို လက်တွေ့တွင်လည်း ပဋိပက္ခများကြားမှ NCA ပါလမ်းကြောင်းကို မသွေဖည်ဘဲ လျှောက်လှမ်းလျက်ရှိသည်။
လက်ရှိတွင် ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်ဖြစ်သည့် “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသည့် နောက်ဆုံးအချက်အား အကောင်အထည်ဖော်နေသည်ကို တွေ့နိုင်သည်။
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိမှသာ ပြည်သူလူထု၏ လူမှုစီးပွားရေးဘဝများ လုံခြုံမှုရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးစီးပွားကို ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ချုပ်ငြိမ်းရေးသည် အရေးကြီးသောအချက်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်နေသည့် ထာဝရငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် လွှတ်တော်ဟုခေါ်ဆိုသော နိုင်ငံရေးစင်မြင့်၊ နိုင်ငံရေးစားပွဲဝိုင်းဟုခေါ်ဆိုသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရိုးသားပွင့်လင်းစွာ ဆွေးနွေးအဖြေရှာကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒေသအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းမှသာ လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲများကျင်းပနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရှိရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း စဉ်ဆက်မပြတ်ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ပေးထားသဖြင့် နိုင်ငံနှင့်ပြည်သူအတွက် မှန်ကန်သည့်စိတ်စေတနာဖြင့် နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3105 items

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက်၊ မတ် ၁၄ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက်၊ မတ် ၆ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download