နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဒီပလိုမာသင်တန်းနှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / March 04, 2025
image_latest


နေပြည်တော် မတ် ၃

မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၁) (Diploma in International Public Sector Accounting Standards - Dip IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်း စံများဆိုင်ရာဒီပလိုမာသင်တန်း (Diploma in Inter-national Financial Reporting Standards-Dip IFRS) အမှတ်စဉ် (၂) အပိုင်း (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် စာရင်းပညာကျွမ်းကျင်သူ၊ စာရင်းပညာရှင် နိုင်ငံ့ဝန်ထမ်းများ အချိုးညီတိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် IPSAS နှင့် IFRS စာရင်းစံများနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများနှင့် မိမိဌာန၏ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် လက်တွေ့အသုံးချလိုက်နာကျင့်သုံးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေးအစီရင်ခံစာများကို ရေးဆွဲနိုင်ကြမည်ဖြစ်ပါကြောင်း။

သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် သင်တန်းအပိုင်း သုံးခုခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး အပိုင်းတစ်ခုချင်းစီအလိုက် သင်တန်းတက်ရောက်အောင်မြင်သူများကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ အပိုင်း (၃) အထိ တက်ရောက်အောင်မြင်သူများကို ဒီပလိုမာအောင်လက်မှတ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဘွဲ့လွန်ဒီပလိုမာရရှိစေရေး ဇွဲလုံ့လရှိစွာ အစဉ်တစိုက် လေ့လာသင်ယူကြိုးစားစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

IPSAS သင်တန်းတွင် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံကိုးခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငါးဦး၊ ဝန်ကြီးဌာန ၁၆ခုမှ ၃၄ ဦး စုစုပေါင်း သင်တန်းသား ၃၉ ဦး၊ IFRS သင်တန်းတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ ၁၁ ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၁၅ ဦး၊ ဝန်ကြီး ဌာန ၂၂ ခုမှ ၃၉ ဦး စုစုပေါင်း သင်တန်းသား ၅၄ ဦး တက်ရောက်မည်ဖြစ်သည်။ IPSAS သင်တန်းကို မတ် ၃ ရက်မှ မေ ၁၉ ရက်အထိနှင့် IFRS သင်တန်းကို မတ် ၃ ရက်မှ မေ ၅ ရက်အထိ သင်တန်းကာလနှစ်လကျော်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး မှတာဝန်ရှိသူများက အွန်လိုင်းမှလည်းကောင်း တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper - 3255 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download