နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအား အကျိုးရှိစွာအသုံးချ


Ministry of Information/ Naypyitaw / October 31, 2025
image_latest


လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် သားကောင်းရတနာများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးစသည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်အရွယ်အချိုးအစားအလိုက် ဟန်ချက်ညီမျှတစွာ ဆိုင်ရာကဏ္ဍများအလိုက် ကျေပွန်စွာထမ်းဆောင်နိုင်ရန် ဆောင်ရွက်ကြရာတွင် လူငယ်လူရွယ်များ၏ အချိုးအစားများ လုံလောက်စွာရှိနေစေရန် လိုအပ်သည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူရရှိခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များသည် မြန်မာနိုင်ငံ၏ အခွင့်အလမ်းများနှင့် အတူယှဉ်တွဲပြီး လုပ်ဆောင်ရမည့်တာဝန်များကို တစ်ပါတည်း ညွှန်းဆိုဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းဆ သိသိသာသာနည်းပါးနေသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရသည်။

ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုများ မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသလို အခွင့်အလမ်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။ လူငယ်လူရွယ်များ၏ အချိုးအစားလျော့နည်းခြင်းသည် ရွှေ့ပြောင်းသွားလာမှုနှင့် အဓိကသက်ဆိုင်နေ သည်။ ထို့ကြောင့် လူငယ်လူရွယ်တို့၏အင်အားဖြင့် နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဦးတည်ထိန်းညှိနိုင်မည့် ရေရှည်စီမံချက်များကို ဆောင်ရွက်သွားရ မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူငယ်လူရွယ်များကြားတွင် ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုများ မြင့်မားနေသော်လည်း တစ်ချိန်သောကာလက မွေးဖွားနှုန်းမြင့်မားခဲ့သည့် အကျိုးဆက် ကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေသည် ယခုအခါ များပြားနေသေးသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေဆုလာဘ်ရှိနေဆဲကာလဖြစ်သည်။ ထို့ကြောင့် လူဦးရေဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ လူငယ်လူရွယ်များအတွက် မက်လုံးများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် မှန်ကန်ထိရောက်စွာ အကျိုးရှိရှိ အသုံးချနိုင်ရန် စီမံဖန်တီးအကောင်အထည်ဖော်ပေးရမည်ဖြစ်သည်။

“ယနေ့ မိမိတို့လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အနာဂတ်တွင် လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ကြောင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ အသိပေးပြောကြားခဲ့သည်။

လူငယ်လူရွယ်များသည် အရေးပါသော တန်ဖိုးထားရမည့်အသိုက်အဝန်းဖြစ်သည်။ လူငယ်လူရွယ်များကို လျစ်လျူရှုထားပါက ၎င်းတို့၏ အသိုက်အဝန်း အတွက်သာမက နိုင်ငံအတွက်ပင် အန္တရာယ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်  ကမ္ဘာ့နိုင်ငံအများစုတွင် လူငယ်လူရွယ်များကို မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးထားပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးနေသည့်အခါတွင် ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားများဖြစ်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် ရှိသင့်ရှိထိုက်သည့် လူဦးရေအချိုးအစားများ ပေါ်ထွန်းလာစေရန် နိုင်ငံနှင့် ကိုက်ညီမည့် လူဦးရေမူဝါဒကိုရေးဆွဲကာ မျိုးဆက်တစ်ဆက်စာ ကြိုတင်မြော်တွေး၍ ပြင်ဆင်ဆောင်ရွက်သွားရန်လိုပေမည်။

ကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာသုံးသပ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖော်ဆောင်ရာတွင် လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးကြရန် ပညာရေးနှင့်ချိန်ညှိပြီး ခိုင်မာသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာများ ပျိုးထောင်ပေးကာ အနာဂတ်နိုင်ငံတော်အတွက် မောင်းနှင်အားများဖြစ်ပေါ်လာအောင် ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။ ။

Newspaper - 3334 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download