နိုင်ငံသားတစ်ဦး၏ အခွင့်အရေး နိုင်ငံသားတစ်ဦး၏ တာဝန်
နိုင်ငံသားတစ်ဦး၏ အခွင့်အရေး နိုင်ငံသားတစ်ဦး၏ တာဝန်
Ministry of Information/ Naypyitaw / October 12, 2025

တစ်နေ့ကုန်၍ တစ်နေ့ဆန်းသည်နှင့်အမျှ ရွေးကောက်ပွဲက တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ နီးကပ်လာသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သကဲ့သို့ ဆန္ဒမဲပေးခြင်းသည်လည်း နိုင်ငံသားတစ်ဦး၏ အခွင့်အရေး၊ နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်အပြင် မိမိတို့နိုင်ငံသားများအတွင်း ဒီမိုကရေစီယဉ်ကျေးမှု၊ ဒီမိုကရေစီအလေ့အထတို့ အခြေတကျမဖြစ်သေး၊ မရင့်ကျက်သေး။ သည်ကြားထဲတွင်မှ ပါတီနိုင်ငံရေးသမားတို့က နိုင်ငံနှင့်ပြည်သူ ထိခိုက်နစ်နာမည့်အရေးကို မငဲ့ကွက်ဘဲ ဖောက်လွဲဖောက်ပြန် ပြုကြသောအခါ ဒီမိုကရေစီသည်လည်း ချွတ်ချော်တိမ်းပါးခဲ့ရသည်။ ယခုလည်း နိုင်ငံ့တာဝန်ကို ယူထားရသည့်အစိုးရက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးရန်၊ တစ်နည်း အားဖြင့် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ဖြစ်သော ပြည်သူထံသို့ ပြန်လည်အပ်နှင်းရန် ဆောင်ရွက်လာသောအခါ အကြမ်းဖက်သမားများ၊ အဖျက်အမှောင့်သမားများက ခြိမ်းခြောက်နှောင့်ယှက်မှု၊ အကြမ်းဖက်မှုတို့ ပြုလုပ်လာသည်။
ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲဟူ၍ အသရေဖျက်ရန် ကြိုးပမ်းနေကြသည့် ဖျက်လိုဖျက်ဆီးလုပ်ရပ်များလည်း ပြုလုပ်လာရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဗြိတိသျှထံမှ ငြိမ်းချမ်းသည့်နည်းဖြင့် ပြန်လည်ရရှိခဲ့သည့်လွတ်လပ်ရေးကို အတု အယောင်လွတ်လပ်ရေးအဖြစ် စွပ်စွဲခဲ့သည့် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ခြေရာကိုနင်းပြီး နိုင်ငံ၏အနာဂတ်ကိုဖျက်ဆီးရန် ပြုလုပ် ခြင်းပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အနေဖြင့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ပြဋ္ဌာန်းထားပြီး နည်းအမျိုးမျိုးဖြင့် ရွေးကောက်ပွဲပျက်ပြားစေရန် ရည်ရွယ်ပြုလုပ်နေမှုများမှ အကာအကွယ်ပေးထားသည်။ နိုင်ငံတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန်အတွက် အဖျက်အမှောင့်၊ အနှောင့်အယှက်များကို ဖယ်ရှားရှင်းလင်းကာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကို ဖော်ဆောင်ကြရမည်ဖြစ်သည်။
ဤအခြေအနေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုအလိုရှိသော ပြည်တွင်းရှိ ပြည်သူလူထုကြီး တစ်ရပ်လုံးက လိုလားသကဲ့သို့ မိတ်ဆွေနိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ထောက်ခံအားပေးလျက်ရှိသည့်အပြင် မှန်ကန်သော လမ်းကြောင်းလည်းဖြစ်သည့်အလျောက် ဘယ်အဖျက်သမား ဖျက်ဖျက်ပျက်မည်မဟုတ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပင်ဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည်လည်း အချိန်ဇယားနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ စိစစ်ကြည့်ရှု နိုင်ရန်အတွက် ပထမအကြိမ်အဖြစ် ၂၀-၁၀-၂၀၂၅ ရက်နေ့အထိ ကပ်ထားကြေညာလျက်ရှိသည်။ အကယ်၍ မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ၂၀-၁၀-၂၀၂၅ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများက မဲစာရင်းများကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်လျှင်လိုအပ်သလို ထုံးနည်းတကျ တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းတို့ ဆောင်ရွက်ကြရန်လိုသည်။ ထို့အပြင် ရွေးကောက်ပွဲပျက်ပြားစေရန် နှောင့်ယှက်၊ ဟန့်တား၊ ဖျက်ဆီးမှုများကို ကာကွယ်တားဆီးရာတွင် ဝိုင်းဝန်း ပါဝင်ကြရန်လည်း လိုအပ်သည်။ ထိုမျှမက ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလနှင့် ရွေးကောက်ပွဲအပြီး ကာလတို့တွင် နိုင်ငံမတည်မငြိမ်ဖြစ်အောင်၊ လူမှုအသိုက်အဝန်းများကြား ပဋိပက္ခများဖြစ်ပွားအောင် ဖန်တီးပြုလုပ်ကြသည့် မသမာသူများ၊ အဖျက်အမှောင့်သမားများ၊ အကြမ်းဖက်သမားများ၏ ရန်ကို လည်း တစ်တပ်တစ်အား ဝိုင်းဝန်းကာကွယ်ကြရမည်ဖြစ်သည်။
ယနေ့မှစ၍ (၇၇) ရက်ပြည့်မြောက်လျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး၏ အပိုင်း(၁)ကို ကျင်းပတော့မည် ဖြစ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းသည်နှင့်အမျှ ရွေးကောက်ပွဲသည်လည်း ပိုမိုမြန်ဆန်စွာ အောင်မြင်ပြီးမြောက်နိုင်မည်ဖြစ်ရာ နိုင်ငံတစ်ဝန်း အကြမ်းဖက်အဖျက်သမားတိုက်ဖျက်နှိမ်နင်းရေးနှင့် နယ်မြေ ဒေသများ တရားဥပဒေစိုးမိုးရေးတို့တွင် ပြည်သူတို့၏ စုပေါင်း အားဖြင့် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
Newspaper - 3315 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၊ အောက်တိုဘာ ၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download